ရာသီဥတုညွှန်းကိန်းသီးနှံအာမခံ
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ရာသီဥတုညွှန်းကိန်းသီးနှံအာမခံ
Ministry of Planning and Finance / August 19, 2024
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် သီးနှံစိုက်ပျိုးမည့် လယ်ယာမြေများ အာမခံ ထားရှိနိုင်ပါသည်။
ဝန်ဆောင်ခ
မိုးစပါး ၁ ဧကအတွက် ကျသင့်ပရီမီယံ ကျပ် ၃,၀၀၀/- ဖြစ်ပါသည်။ မိုးစပါး (၁) ဧကအတွက် အာမခံထားငွေ ကျပ် (၁၅၀,၀၀၀/-) နှုန်းဖြင့် မိမိချေးငွေ ထုတ်ယူသည့်ဧကအလိုက် အာမခံ ဝယ်ယူနိုင်ပါသည်။
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံပေးသွင်းခြင်း
အဆင့်-၃
အာမခံလက်မှတ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံ လက်ခံခြင်းအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများသို့ သွားရောက်၍ အဆိုလွှာလက်ခံခြင်း၊ ပရီမီယံလက်ခံခြင်းနှင့် အာမခံလက်မှတ်ထုတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
- အာမခံသက်တမ်းအတွင်း မြန်မာပြည် (အထက်ပိုင်း) တွင် သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းများအောက် လျော့နည်း၍ မိုးရွာသွန်းခြင်းနှင့် ရေကြီးနစ်မြုပ် ပျက်စီးခြင်းများအတွက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး မြန်မာပြည် (အောက်ပိုင်း) တွင် သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းများထက် ကျော်လွန်၍ မိုးရွာသွန်း ခြင်းနှင့် ရေကြီးနစ်မြုပ်ပျက်စီးခြင်းများအတွက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
၁။ သတ်မှတ်မိုးရေချိန်ထက်လျော့နည်း/ကျော်လွန်ခြင်း
- အကျိုးခံစားခွင့်လျှောက်လွှာပုံစံ
- အာမခံလက်မှတ်မူရင်း
- ပရီမီယံ/အာမခံကြေးပေးသွင်းသည့်ပြေစာ
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
၂။ ရေကြီးနစ်မြုပ်ပျက်စီးခြင်း
- အကျိုးခံစားခွင့်လျှောက်လွှာပုံစံ
- အာမခံလက်မှတ်မူရင်း
- ပရီမီယံ/အာမခံကြေးပေးသွင်းသည့်ပြေစာ
- စိုက်ပျိုးရေးနှင့်မွေးမြူရေးကြီးကြပ်မှုကော်မတီ၏ရေကြီးနစ်မြုပ်ပျက်စီးကြောင်းအတည်ပြုချက်
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း
Ministry of Planning and Finance / August 16, 2024
သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...