ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဟဲဟိုး-ဘော်ဆိုင်း၊ ပင်းတယ-အောင်ပန်း လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဟဲဟိုး-ဘော်ဆိုင်း၊ ပင်းတယ-အောင်ပန်း လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / May 24, 2022

နေပြည်တော် မေ ၂၄
အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က အဖွင့်အမှာစကားများ ပြောကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဟဲဟိုး-ဘော်ဆိုင်း၊ ပင်းတယ-အောင်ပန်းလမ်းဘေးဝဲယာ စိမ်းလန်းစိုပြေရေး ထင်းရှူးပင်များ စိုက်ပျိုးပြုစု ထိန်းသိမ်းမည့်အစီအမံများနှင့် မြေအသုံးချမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။
အစည်းအဝေးတွင် ကလောမြို့နယ်အားထင်းရှူးမြို့တော်ဖြစ်စေရေး၊ ဟဲဟိုး-ဘော် ဆိုင်းလမ်း၊ ပင်းတယ-အောင်ပန်းလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ၂ ပေအထက် ထင်းရှူးပျိုးပင် ၃၂,၅၀၀ ဖြင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မစိုက်ပျိုးရေး၊ ကွက်လပ်ဖြစ်ပေါ် နေသောနေရာများတွင် ထင်းရှူးပျိုးပင် ၃၅,၀၀၀ ဖြင့် ကွက်လပ်ဖြည့်စိုက်ပျိုးရေးနှင့် သဘာဝ တောကျန် ဧရိယာ ဧက ၁၂၀၀ ခန့်ကို ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
၂၀၂၂ ခုနှစ် မိုးရာသီတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်တောဦးစီးဌာနမှ လမ်းပိုင်း ၁၁၆ လမ်း၊ လမ်းဦးစီးဌာနမှ လမ်းပိုင်း ၄၅၇ လမ်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းပိုင်း ၂၈၆ လမ်းတွင် စုစုပေါင်း ပျိုးပင် ၂၅၆,၀၀၀ ကျော် လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးသွားမည်ဖြစ်ပြီး လိုအပ်သော အမြင့် ၂ ပေအထက် ပျိုးပင်များကို သစ်တောဦးစီးဌာနက ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 1323 items

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 29, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 28, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 25, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 24, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 23, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 22, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 21, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 20, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download