News

13794 Latest News

ထိုင်ဝမ်(တရုတ်-တိုင်ပေ)၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

Ministry of Information / Posted on July 09, 2020

ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၅၅)ဦးအား China Airline  Cargo လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့နံနက် ၉နာရီ ၂၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Ministry of Information / Posted on July 09, 2020

၁။ (၉-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဌာန၊ ယူနန်ပြည်နယ်အစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရတို့အကြား အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ

Ministry of Information / Posted on July 09, 2020

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဌာန၊ ယူနန်ပြည်နယ်အစိုးရအဖွဲ့နှင့် မန္တလေး တိုင်းဒေသကြီး အစိုးရတို့အကြား အွန်လိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ကျင်းပသည်။

ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့၀င် များ၏ အတွေ့အကြုံ၊ လိုအပ်ချက်နှင့် အကြံပြုချက်များသိရှိနိုင်ရေး ဆွေးနွေး

Ministry of Information / Posted on July 09, 2020

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့၀င်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၏ အတွေ့အကြုံ၊ လိုအပ်ချက်နှင့် အကြံပြုချက်များကိုသိရှိနိုင်ရေး အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ယနေ့နံနက်ပိုင်း၌ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

Ministry of Information / Posted on July 09, 2020

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းတွင် Video Conferencing ဖြင့်ပြုလုပ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ILO Virtual Global Summit on COVID-19 and the world of work အစည်းအဝေးတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

Ministry of Information / Posted on July 09, 2020

ILO Virtual Global Summit on COVID-19 and the world of work အစည်းအဝေး၏ Constituents’ Day အခမ်းအနားကို ယနေ့ညနေ ၄ နာရီခွဲတွင် Video Conferencing ဖြင့် ကျင်းပရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နေပြည်တော်မှ  ပါဝင်တက်ရောက်၍ Pre-recorded Video ပေးပို့ပြီး မိန့်ခွန်း ပြောကြားသည်။

တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များအား ချီးကျူးပူဇော်ပွဲ အခမ်းအနားကျင်းပမည်

Ministry of Information / Posted on July 09, 2020

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန က ကြီးမှူးကျင်းပသော (၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲနှင့် ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ၁၃၈၂ ခုနှစ်၊ ဒုတိယ ဝါဆိုလဆန်း ၁ ရက်၊ ဇူလိုင်-၂၀ ရက် (တနင်္လာနေ့)၊ နံနက် ၈နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က Covid တားဆီးရေး၊ ကုသရေးဆေးတွေ မထုတ်လုပ်နိုင်တဲ့ကာလအတွင်း လိုအပ်ချက်တွေနဲ့အညီ လူနေမှုစနစ်တစ်ခုလုံး ပြောင်းလဲတာအထိမဟုတ်ဘဲ နေပုံထိုင်ပုံအပြောင်းအလဲအချို့တော့ လိုပါလိမ့်မယ်ဟု ရေးသား ဖော်ပြ

Ministry of Information / Posted on July 09, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က Covid တားဆီးရေး၊ ကုသရေး ဆေးတွေ မထုတ်လုပ်နိုင်တဲ့ကာလအတွင်း လိုအပ်ချက်တွေနဲ့အညီ လူနေမှုစနစ်တစ်ခုလုံး ပြောင်း လဲတာအထိမဟုတ်ဘဲ နေပုံထိုင်ပုံ အပြောင်းအလဲအချို့တော့ လိုပါလိမ့်မယ် ဟု   ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှ ယနေ့တွင်  ရေးသားဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆိုင်ရာ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ

Ministry of Information / Posted on July 09, 2020

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှု လက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများ၏ ကျောင်းအုပ်ကြီးများနှင့် သက်မွေးပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်လေ့ကျင့်ပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၂၁ အစည်းအဝေးခန်းမတွင်  Video Conferencing ဖြင့် ကျင်းပသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး သပိတ်ကျင်းမြို့နယ်ရှိ ကုမ္ပဏီများနှင့်တွေ့ဆုံ

Ministry of Information / Posted on July 09, 2020

မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးမျိုးသစ်သည် သပိတ်ကျင်းမြို့ ကမ္ဘာအေးကွက်သစ်ရှိ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် သပိတ်ကျင်းမြို့နယ်အတွင်း အသေးစားမှ အလတ်စား ရွှေလုပ်ကွက် ခွင့်ပြုမိန့်ရ ကုမ္ပဏီများနှင့် ယနေ့နံနက် (၉:၃၀)နာရီ  ကတွေ့ဆုံပြီး ကုမ္ပဏီများမှ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ ထည့်ဝင်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။