Latest News - 64772 items

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on September 23, 2023

၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

Ministry of Information / Posted on September 23, 2023

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အမျိုးသားရေးလုပ်ငန်းစဉ်ဖြစ်

Ministry of Information / Posted on September 23, 2023

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် ပညာရေးဝန်ကြီးဌာနက ဦးဆောင်အကောင် အထည်ဖော်ဆောင်ရွက်နေသည့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အမျိုးသားရေးလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ် ပညာဦးစီးဌာနများရှိ ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် စေတနာလုပ်အားပေး ဆရာဆရာမများအဖြစ် ပါဝင်ကြစေရေးအတွက် စည်းရုံးဆောင်ရွက်ပေးကြစေလိုပါကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်း အုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

“Unlimited Night Data Pack” PR

Ministry of Transport and Communications / Posted on September 23, 2023

“Unlimited Night Data Pack” PR

ဒုတိယဝန်ကြီးဦးရဲတင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်း (၂/၂၀၂၃) ဆင်းပွဲအခမ်းအနား တက်ရောက်

Ministry of Information / Posted on September 23, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်း (၂/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ဒုတိယဝန်ကြီးဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဂဟေဆက်သင်တန်းနှင့် ငြမ်းဆင်သင်တန်း ဖွင့်လှစ်ပို့ချမှုများ ကြည့်ရှုအားပေး

Ministry of Information / Posted on September 23, 2023

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း၊ တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဆပ်သွားတောကျေးရွာအုပ်စု ရှမ်းကုန်းရွာ ဓမ္မာရုံလမ်း အမှတ် (၂၂၈) ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု Khaing & Kyaw Services Company Limited ၏ မိရအိအလုပ်အကိုင်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ ဂဟေဆက်သင်တန်းနှင့် ငြမ်းဆင်သင်တန်း ဖွင့်လှစ်ပို့ချမှုများကို ကြည့်ရှု အားပေးသည်။ (ယာပုံ)

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၆) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

Ministry of Information / Posted on September 23, 2023

(၁၆) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (16th ASEAN Ministers’ Responsible for Information and its related Meetings) (16th AMRI) ကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ Furama Resort Danang ၌ ယနေ့နံနက် ၉ နာရီတွင် စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုမရှိစေရေး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ စစ်ဆေးထိန်းကျောင်းပေးရမည်

Ministry of Information / Posted on September 23, 2023

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေ အရအသုံးစာရင်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီစစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ စစ်ဆေးထိန်းကျောင်းပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိရောက်ကောင်းမွန်သည့် စီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုစာရင်း စစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၃) တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။

မူးယစ်ဆေးနှင့် စိတ်ပြောင်းဆေးများ လူငယ်တို့၏ ပတ်ဝန်းကျင်မှဖယ်ရှား

Ministry of Information / Posted on September 23, 2023

မူးယစ်ဆေးဝါးပြဿနာက မိမိတို့နိုင်ငံတွင်ရော တစ်ကမ္ဘာလုံးတွင်ပါ ရင်ဆိုင်နေကြရသည့် ပြဿနာဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တစ်ခုတွင် အမေရိကန်စစ်သားများ ခိုးသွင်းလာသည့် ဓာတုဆေးခြောက်များ သိမ်းဆည်းရမိမှုနှင့် ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုလိုက်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာသည့်သတင်းများကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာကို မြို့ပြများတွင်သာမက ကျေးလက်ဒေသများတွင်ပါ တွေ့ရှိနေရသည်ဟု ဆိုသည်။

Newspaper - 2447 items

၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၉ ရက်၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2018

Publication Date: 2018

Page: 32

Language: မြန်မာ

Download

Volume V, Number 300, 10 Sunday, February 2019


Publisher: New Light/ February 10, 2019

Publication Date: 2019

Page: 16

Language: English

Download

Volume V, Number 316, 26 Tueday, February 2019


Publisher: New Light/ February 26, 2019

Publication Date: 2019

Page: 15

Language: English

Download

Volume V, Number 315, 25 Monday, February 2019


Publisher: New Light/ February 25, 2019

Publication Date: 2019

Page: 16

Language: English

Download

Volume V, Number 314, 24 Sunday, February 2019


Publisher: New Light/ February 24, 2019

Publication Date: 2019

Page: 16

Language: English

Download

Volume V, Number 313, 23 Saturday, February 2019


Publisher: New Light/ February 23, 2019

Publication Date: 2019

Page: 16

Language: English

Download

Volume V, Number 312, 22 Friday, February 2019


Publisher: New Light/ February 22, 2019

Publication Date: 2019

Page: 16

Language: English

Download

Volume V, Number 311, 21 Thursday, February 2019


Publisher: New Light/ February 21, 2019

Publication Date: 2019

Page: 16

Language: English

Download

Volume V, Number 310, 20 Wednesday, February 2019


Publisher: New Light/ February 20, 2019

Publication Date: 2019

Page: 16

Language: English

Download

Volume V, Number 309, 19 Tuesday, February 2019


Publisher: New Light/ February 19, 2019

Publication Date: 2019

Page: 16

Language: English

Download