မွေးမြူရေးကန်များတွင် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် အညီ ငါး/ပုစွန်များအား မွေးမြူထုတ်လုပ်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း





မွေးမြူရေးကန်များတွင် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် အညီ ငါး/ပုစွန်များအား မွေးမြူထုတ်လုပ်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း


Ministry of Agriculture, Livestock and Irrigation / April 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လျှောက်ထားလိုသူသည် မွေးမြူရေးကန်၏တည်နေရာ၊ နေရာ မှန်ကန် မှု၊ မှတ်ပုံတင်ခြင်း၊ GAqP လျှောက်ထားတင်ပြစာတို့နှင့်တကွ  ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြရမည်ဖြစ် ပါသည်။

ဝန်ဆောင်ခ

အခမဲ့

လိုအပ်သောစာရွက်စာတမ်းများ

လုပ်ငန်းလိုင်စင်ရယူထားသောမြေနေရာနှင့်ပိုင်ဆိုင်မှုအထောက်အထား၊ GAqP သင်တန်း တက်ရောက်ပြီးစီးမှု၊ မွေးမြူငါး/ပုစွန်အမျိုးအစား၊ မွေးမြူနည်းစနစ်ဆိုင်ရာစာရွက်စာတမ်းများ

လျှောက်ထားရန်အဆင့်များ

(က)   လျှောက်လွှာဖြင့်GAqP Certificate ရရှိရေးအတွက် လျှောက်ထား တင်ပြခြင်း

( ခ )   အဆိုပါလျှောက်ထားမှုအပေါ် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

( ဂ )   ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏အတည်ပြုချက်ရယူခြင်း

ဆက်သွယ်ရမည့်လိပ်စာ

မွေးမြူရေးဌာနခွဲ၊ ငါးလုပ်ငန်းဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ရုံးအမှတ် (၃၆)၊ နေပြည်တော်

ဖုန်း ၀၆၇ - ၄၀၈၄၇၆

                 ၄၁၈၅၃၈ (fax)

e-mail : aqddofmm@gmail.com

             winpapamyo 2015@gmail.com

Website လိပ်စာ

www.dof.gov.mm



HOT NEWS
January 4,