အဂတိလိုက်စားမှုနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
Applying for the entrance to the Technical Schools for Nationalities Youths from Border Areas
Ministry of Border Affairs / August 29, 2024
Ministry of Border Affairs creates job opportunities by opening Modern Motor Sewing Machine Courses
Ministry of Border Affairs / August 29, 2024
Ministry of Border Affairs creates job opportunities by opening Hotel Servicing Training
Ministry of Border Affairs / August 29, 2024
ဇာတ်ပွဲ/ ဆိုင်းဖြင့် ဧည့်ခံခွင့်ပြုပါရန် လျှောက်ထားခြင်း (မကွေးတိုင်းဒေသကြီး)
Magway Region Government / September 23, 2021
ဇာတ်ပွဲ/ ဆိုင်းဖြင့် ဧည့်ခံခွင့်ပြုပါရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားလိုပါက
အဂတိလိုက်စားမှုနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Ministry of Information/ Naypyitaw / January 30, 2024

နေပြည်တော် ဇန်နဝါရီ ၂၉
အဂတိလိုက်စားမှုနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲမှူးကြီးများ၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး၊ ကော်မရှင်ရုံးနှင့် ကော်မရှင်ရုံးခွဲများမှ အရာထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု ကိစ္စရပ်များကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ယနေ့အလုပ်ရုံဆွေးနွေး ပွဲကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငွေကြေးခဝါချမှု (Money Laundering – ML) ဆိုသည့် ပြစ်မှုကျူးလွန်ရာမှရရှိသော ငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များ (Proceed of Crime– POC/ ငွေမဲများ) ကို ဥပဒေနှင့်အညီ အရေးယူခံရခြင်းမှ ရှောင်ရှားနိုင်ရန်နှင့် တရားဝင်ငွေဖြူအဖြစ် ထင်မှတ်စေရန်အတွက် ငွေမည်းများ၏ မူလဇာစ်မြစ်၊ ပိုင်ဆိုင်မှု၊ တည်နေရာ၊ ပုံသဏ္ဌာန်တို့ကို ဖုံးကွယ်ရန် (Concealing) သို့မဟုတ် အသွင်ပြောင်းလဲရန် (Disguising) ရည်ရွယ်၍ ပြောင်းလဲခြင်း (Conversion) သို့မဟုတ် လွှဲပြောင်းခြင်း (Transfer) ကို ဆိုလိုခြင်းဖြစ်ပါကြောင်း။
ငွေကြေး ခဝါချမှုသည် တိုက်ရိုက်ကျူးလွန်၍ မရဘဲ မူလပြစ်မှုတစ်ခုခုကို ကျူးလွန်ခဲ့ပြီး ရရှိလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ခဝါချခြင်းဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအနေဖြင့် မူလပြစ်မှုဖြင့် ဖမ်းဆီးအရေးယူသည့်အခါ ငွေကြေးခဝါချမှု ကျူးလွန်ထားခြင်း ရှိ / မရှိကို စိစစ်ရန် လိုအပ်သည့်အတွက် Financial Investigation ကိုပါ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေး ပေါပေါက်ပါက ငွေကြေးခဝါချမှု ရှိ/မရှိ ငွေကြေး ဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း Financial Investigation ကိုပါ Parallel financial Investigation အဖြစ် တစ်ပါတည်းဆောင်ရွက်သင့်ပါကြောင်း၊ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးသည့်အခါ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း (Financial Investigation) ကို တစ်ပြိုင်တည်း တိုးမြှင့် လုပ်ဆောင်ရန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းရန် လိုအပ်ပါကြောင်း။
ငွေကြေး ခဝါချမှုကြောင့် ဆုံးရှုံးရသည့် ငွေကြေးပမာဏထက် နောက်ဆက်တွဲအနေဖြင့် ဆိုးကျိုးပမာဏကို ပို၍ကြီးမားစေပါကြောင်း၊ မျက်မှောက်ကာလတွင် နည်းပညာပြောင်းလဲ တိုးတက်လာသည်နှင့်အမျှ မှုခင်းဖြစ်ရပ်များလည်း ပိုမိုရှုပ်ထွေး နက်နဲလာပြီး ခက်ခဲသည့် ဖြေရှင်း မှုများကို ဆောင်ရွက်နေရကြောင်း၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရသည့် ဝန်ထမ်းများကိုလည်း လိုအပ်သည့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခြင်းဖြင့် လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားလာစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ဝန်ထမ်းများကို ငွေကြေးခဝါချမှုနှင့်စပ်လျဉ်း၍ ပိုမိုသိရှိနားလည်စေရန် ဝန်ကြီးဌာနအသီးသီးမှ ပညာရှင်များက လာရောက်ပို့ချသည့်အတွက် များစွာအထောက် အကူပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းနောက် FIU အဖွဲ့ ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုးက UNCAC ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာ၌ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဆောင်ရွက်ခြင်းသည်လည်း အရေးပါကြောင်း၊ FIU နှင့် ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယရဲမှူးကြီး မြင့်စိုးက ငွေကြေးဆိုင်ရာ အရေးယူဆောင်ရေးအဖွဲ့ (Finan-cial Action Task Force - FATF) အကြံပြုချက်(၄၀)နှင့် မြန်မာနိုင်ငံက AML/ CFT ဆိုင်ရာ အဖွဲ့ဝင် နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်မှုနည်းပညာပိုင်းဆိုင်ရာ လိုက်နာမှုနှင့် အကျိုး သက်ရောက်မှု စံနှုန်းသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယရဲမှူး ဝင်းနိုင်ထွန်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်နေမှုများ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က အဂတိလိုက်စားမှုနှင့် ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းများ အပြိုင်စစ်ဆေးခြင်း (Parallel Investigation) တို့နှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အလုပ်ရုံဆွေးနွေးပွဲ၌ ဆွေးနွေးချက်များမှရရှိလာသည့် ရလဒ်များနှင့် recommendations အပေါ် သုံးသပ်ဆွေးနွေးခဲ့ကာ တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်