ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ရှည်လျားသောသမိုင်းကြောင်းရှိပြီး ပြန်ကြည့်လျှင် ပုဂံမင်းဆက် အနော်ရထာမင်းတရားကြီးသည် ကွဲပြားနေသောနိုင်ငံငယ်များကို စုစည်းပြီး ၁၀၄၄ ခုနှစ်တွင် ပထမမြန်မာနိုင်ငံတော်ကို ထည်ထောင်ခဲ့ပြီး ယင်းအစောပိုင်းကာလများမှာ ပထမမြန်မာနိုင်ငံတော်ကြီး၏ ကြီးကျယ်ခမ်းနားသော ကာလဖြစ်ပါသည်။ ပထမမြန်မာနိုင်ငံတော်၏ အကျယ်အဝန်းမှာ ယနေ့ခေတ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ မီနန်တောင်ကြားတခုလုံးဖြစ်ပြီး ရာစုနှစ်၂စု ကြာမြင့်ခဲ့ပါသည်။ တောင်ငူမင်းဆက် ဘုရင့်နောင်မင်းတရားကြီး သည် ဒုတိယမြန်မာနိုင်ငံတော်ကို ၁၅၅၂ ခုနှစ်တွင်  တည်ထောင်ခဲ့ပါသည်။ နောက်ဆုံးမြန်မာမင်းဆက် ဖြစ်သော ကုန်းဘောင်မင်းဆက် အလောင်းမင်းတရားကြီး သည် ၁၇၅၂ခုနှစ် တွင် တည်ထောင်ခဲ့ပြီး အထွဋ်အထိပ်အောင်မြင်နေသောအချိန်ဖြစ်သည့် ၁၈၂၄ ခုနှစ် တွင် ဗြိတိသျှ တို့သည် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဆင်နွှဲပြီးမြန်မာနိုင်ငံသို့ကျူးကျော် ဝင်ရောက်လာပါသည်။ ၁၈၅၂ ခုနှစ်တွင် မဟာမိတ်တပ်များ ပြန်လည်ဝင်ရောက်လာပြီး အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဆင်နွှဲခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့တို့သည် တတိယ အကြိမ်ကျူးကျော်စစ်ကို ဆင်နွှဲခဲ့ပြီး တတိယမြန်မာနိုင်ငံတော်ကြီးသည် ကိုလိုနီနယ်ချဲ့ လက်အောက်သို့ကျရောက်ခဲ့ပါသည်။ နှစ်ပေါင်း (၁၀ဝ) ကျော်တိုင်အောင် နယ်ချဲ့လက်အောက် သို့ကျရောက်နေသော မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ တွင် ကိုလိုနီဘဝ မှ လွတ်မြောက်ကာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ၁၉၄၈ - ၁၉၆၂ ခုနှစ် အထိ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အဖြစ်လည်းကောင်း၊ ၁၉၆၂-၂၀၁၁ ခုနှစ် အထိ စစ်အုပ်ချူပ်ရေးစနစ် အဖြစ်လည်းကောင်း အသီးသီး အုပ်ချူပ်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှ ယနေ့အချိန်အထိ ဒီမိုကရေစီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဖြစ် အုပ်ချူပ်လျက်ရှိပါသည်

ကိုးကားချက်။    ။သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ (၂၀၁၇) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန။