(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်


Ministry of Information/ Naypyitaw / March 25, 2023
image_latest


နေပြည်တော် မတ် ၂၅

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ ဥက္ကဌဖလားအမျိုးသား ကီလိုမီတာ ၃၀ ကျူံးသုံးပတ်နှင့်အမျိုးသမီး ကီလိုမီတာ ၂၀ ကျူံးနှစ်ပတ်ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ကျူံး၏အရှေ့မြောက် ထောင့်ရှိ ရတနာပုံဉယျာဉ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်စက်ဘီးစီးအားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

 ဦးစွာတိုင်းမှူးက တာလွှတ်နေရာဖြစ်သည့် ၂၆ လမ်းနှင့် ၇၃ လမ်းထောင့် ကျူံးတောင်ဘက် မင်္ဂလာတံတားအချက်ပြနေရာမှ သေနတ်ပစ်ဖောက်တာလွှတ်ရာ ပြိုင်ပွဲဝင်အားကစားသမားများက သတ်မှတ်လမ်းကြောင်းများအတိုင်း စီးနင်းယှဉ်ပြိုင်ကြပြီး ပန်းဝင်လာကြသူများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက်တိုင်းမှူးက ပြိုင်ပွဲတွင်အသက်အကြီးဆုံး အားကစားသမား ၂ ဦးအားအထူးဆု ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်တို့အား ထပ်မံချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစား သမား ၁၆၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့ပြင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို မတ် ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ မိသားစုဝင် (၁၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Download Myanmar National Portal Mobile App

And Continue to Contribute Towards Building a New Myanmar on the Move

Photos And Videos