သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း

Sagaing Region Government/ မုံရွာမြို့ / March 25, 2020


ရက်စွဲ ၊ ၂၀၂၀ပြည့်နှစ် ၊ မတ်လ ၂၅ ရက်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်ဝင်လာသော မြန်မာနိုင်ငံသားများကို ကရင်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် မြဝတီမှ နေရပ်ဒေသ အသီးသီးသို့ သီးသန့်မော်တော်ယာဉ် များဖြင့် တိုက်ရိုက်ပို့ဆောင် ပေးလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် မုံရွာမြို့သို့ ရောက်ရှိ လာသူများကို နေရပ်အသီးသီးသို့ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစီအစဉ်ဖြင့် ပို့ဆောင်၍ ပြန်လာသူများမှတဆင့် ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် နေအိမ် သို့မဟုတ် သတ်မှတ် နေရာများတွင် နေထိုင်စေပြီး (၁၄)ရက် သွားလာမှု ကန့်သတ်ခြင်း (home/facility quarantine)ဖြင့် စောင့်ကြပ်ကြည့်ရှုရန် ဆောင်ရွက်လျက်ရှိပါသည်။

ထိုကဲ့သို့ လာရောက်မခေါ်ယူမီအတွင်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ တန်ဖိုးနည်း အိမ်ယာ အဆောက်အအုံ(၂)လုံးတွင် ခေတ္တနားနေစောင့်ဆိုင်းရန် ကြိုတင်စီစဉ် ထားရှိပါကြောင်း၊ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက် လာသူများကို နေအိမ်တွင် (၁၄)ရက် မထားဘဲ သတ်မှတ်ထားသည့် နေရာ/ဆေးရုံ (facility quarantine)တွင် အထူးကြပ်မတ် စောင့်ကြည့်၍ (၁၄)ရက်တာ သွားလာခြင်း ကန့်သတ်ဆောင်ရွက်မည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ၊ ၂၀၁၃ ခုနှစ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့နှင့် ထိရောက်စွာအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ရပ်ရွာသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူအများ သိရှိနိုင်စေရန် သတင်းထုတ်ပြန် အပ်ပါသည်။

 

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

​​​​​​​



ဓာတ်ပုံနှင့် ဗီဒီယိုများ