လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ထောက်ပံ့ရန်လိုအပ်သော နောက်တိုးအိမ်ထောင်စုများသို့ ရန်ပုံငွေများ ထောက်ပံ့ပေးအပ်

လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ထောက်ပံ့ရန်လိုအပ်သော နောက်တိုးအိမ်ထောင်စုများသို့ ရန်ပုံငွေများ ထောက်ပံ့ပေးအပ်

Ministry of Information/ ကယားပြည်နယ် / June 30, 2020
image_latest


လွိုင်ကော် ဇွန် ၃၀

ကိုဗစ်-၁၉  ရောဂါကာလအတွင်း နိုင်ငံအသီးသီးတွင် စီးပွားရေးအကြပ်အတည်းနှင့် ကြုံတွေ့နေရာ မြန်မာနိုင်ငံအနေနှင့်လည်းအလားတူ စီးပွားရေးအကြပ်အတည်းနှင့် အလုပ်အကိုင် ရှားပါးမှုများနှင့် ကြုံတွေ့နေပြီး အခြေခံ လူတန်းစား များအနေနှင့် ပိုမိုကြပ်တည်းခက်ခဲမှုများနှင့် ကြုံတွေ့ နေရပါသည်။

ယင်းအတွက်ကြောင့် နိုင်ငံတော်အစိုးရအနေနှင့် ဝင်ငွေ နည်းပါးသည့် အခြေခံလူတန်းစားများ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ထပ်မံစိစစ် တင်ပြချက် များရ ထောက်ပံ့ပေးရန် ကျန်ရှိသည့်အိမ်ထောက်စုများအား ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သည် ယမန်နေ့ မွန်းလွဲပိုင်းက ၎င်း၏ ရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံစားကုန်ထောက်ပံ့ရန်လိုအပ်သော နောက်တိုး အိမ်ထောင်စု (၃၀၀) စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၁၅၀၀ဝ)ကျပ်နှုန်းဖြင့် ငွေ ကျပ် (၄၅)သိန်း ၊  ရှားတော မြို့နယ်အတွင်းရှိ အိမ်ထောင်စု (၃၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၁၅၀၀ဝ)ကျပ်နှုန်းဖြင့် ငွေ ကျပ် (၅.၁)သိန်းနှင့် ဖရူဆိုမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၂၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၁၅၀၀ဝ) ကျပ်နှုန်းဖြင့် ငွေကျပ် (၃.၆)သိန်း တို့အားသက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများ ထံသို့ပေအပ်ခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)



ဓာတ်ပုံနှင့် ဗီဒီယိုများ