ဘောလခဲမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း စေတနာဖြင့် ဆောင်ရွက်ခဲ့သော စေတနာ့ဝန်ထမ်း အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများ၊ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များ၊ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီး ရွယ်အိုဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ဘောလခဲမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း စေတနာဖြင့် ဆောင်ရွက်ခဲ့သော စေတနာ့ဝန်ထမ်း အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများ၊ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များ၊ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီး ရွယ်အိုဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

Ministry of Information/ ကယားပြည်နယ် / June 30, 2020
image_latest


ဘောလခဲ ဇွန် ၃၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ဘောလခဲမြို့နယ်တွင်၊ ဘောလခဲမြို့တွင် ကိုဗစ်-၁၉  ကာလအတွင်း စေတနာဖြင့် ဆောင်ရွက်ခဲသော စေတနာ့ဝန်ထမ်းအဖွဲ့အား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်း၊ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂) နှစ်အောက် ကလေးငယ်များ၊ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက စောလဖော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အို ဘိုးဘွားများအား ကိုဗစ်ကာလအတွက် ထောက်ပံ့ငွေကျပ်(၃)သောင်းနှင့် ပုံမှန်ထောက်ပံ့ငွေကျပ် (၃) သောင်း၊ ကိုယ်ဝန်ဆောင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ကိုဗစ်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပုံမှန်ဝင်ငွေ မရှိသည့်  အိမ်ထောင်စုဝင်များနှင့် ကိုဗစ်ကာလအတွင်း စေတနာအပြည့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှ စိတ်စေတနာမှန်ဖြင့် ဝိုင်းဝန်းပူးပေါင်း ပေးသည့် သူများ ဖြစ်ပြီး ကပ်ရောဂါကာလအတွင်း ပူးပေါင်းမှုကို အသိအမှတ်ပြုခြင်း ဖြစ်ပါကြောင်း၊ တစ်ပြည်နယ်လုံးအတိုင်း အတာဖြင့် စေတနာ့ဝန်ထမ်း (၇၀)ဦးကျော်အား ဂုဏ်ပြုသွားမည်ဖြစ်ပါကြောင်း၊ယနေ့ တက်ရောက်လာသူ များအနေနှင့် ထိန်းချုပ်၊ ကုသ၊ ကာကွယ်ခြင်းများကို မူဝါဒများနှင့် အညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူများ အားလုံးမှလည်း လိုက်ပါ၍ ဆောင်ရွက်ပေးမှုကြောင့် ပြည်နယ်အနေနှင့် ယနေ့အချိန်ထိ ပိုးတွေ့လူနာ မတွေ့ရှိသေး ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ထို့အပြင် ဘောလခဲမြို့နယ် အတွင်းရှိ အသက်(၈၅) နှစ် အထက်သက်ကြီးရွယ်အို (၂၄)ဦး နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)အောက် ကလေးငယ်(၃၉၂)ဦး၊ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၉၂)စုတို့ကိုလည်း ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလတွင် ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာကြ သဖြင့် ယနေ့အခမ်းအနားကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေနှင့်စပ်လျဉ်းပြီးကျန်ရှိသူများကိုလည်း တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွား မည်ကိုလည်း အသိပေးလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဘောလခဲမြို့နယ်အတွင်းရှိ  စေတနာ့ဝန်ထမ်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပ‌ဒေချုပ်နှင့် ဘောလခဲလွှတ်တော် ကိုယ်စားလှယ်များက ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး၊ အသက်(၈၅)နှစ်အထက် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လက်ရောက်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ဖိုးရယ်



ဓာတ်ပုံနှင့် ဗီဒီယိုများ