ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်

ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်

Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / June 30, 2020


ဘားအံ - ဇွန် ၃၀

 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန်လ (၃၀) ရက်နေ့ နံနက် (၁၀) နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 ရှေ့ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်ဦးဇော်ဝင်းက ရည်ညွှန်းစာစောင်များ လှူဒါန်းရခြင်း  ရည်ရွယ်ချက်များအား  ရှင်းလင်းတင်ပြကာ  ကရင်ပြည်နယ်အစိုးရအဖွဲ့၊  ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ         ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်းတို့ထံ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များအား လွှဲပြောင်းပေးအပ်သည်။

အဆိုပါ လွှဲပြောင်းပေးအပ်ရာသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။



ဓာတ်ပုံနှင့် ဗီဒီယိုများ