ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ(၃/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ(၃/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးကျင်းပ

Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / June 30, 2020


ဘားအံ - ဇွန် ၃၀

 ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို ဇွန်လ (၃၀) ရက်နေ့ နံနက် (၁၁) နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အဆိုပါ အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် ကော်မတီဝင်များစုံလင်စွာတက်ရောက်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားကာ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းတိုးက Myanmar Yatai International Holding Group Co.,ltd ၏ ရင်းနှီးမြှုပ်နှံသူအမည် ပြောင်းလဲခွင့်ပြုရန်ကိစ္စ၊ Apex Rubber International Co.,ltd ၏ စက်ရုံခေတ္တရပ်နားခွင့်ပြုရန်တင်ပြလာခြင်းကိစ္စနှင့် Top Form Maesot Co.,ltd ၏ လုပ်သားများထုတ်ပယ်မှုကိစ္စရပ်များအား တင်ပြဆွေးနွေးသည်။

 ထို့နောက် ကော်မတီအတွင်းရေးမှူးက ကွင်းဆင်းစစ်ဆေးမှုတွေ့ရှိချက်များအား ရှင်းလင်းတင်ပြပြီး Covid-19 ကာလအတွင်း စီးပွားရေးသက်ရောက်မှုကော်မတီမှ ချေးငွေခွင့်ပြုခဲ့သည့် လုပ်ငန်း(၂၄)ခု ရှိခဲ့သည့်ကိစ္စ၊ Covid-19 သက်ရောက်မှုကြောင့် Fulltex Co.,ltd မှ လုပ်သားများလျော့ချခြင်းကိစ္စ၊ Dana Facility မှ Kayin State Investment & Facalitation Strategy Draft ရေးဆွဲပြီးစီးကြောင်း တင်ပြခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



ဓာတ်ပုံနှင့် ဗီဒီယိုများ