၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့စရိတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့စရိတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

Sagaing Region Government/ Monywa / June 30, 2020
logo


(၃၀.၆.၂၀၂၀) ရက်နေ့ နံနက်(၁၁၃၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုသော ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၂၀-၂၀၂၁ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သား/သမီးများအတွက် တက္ကသိုလ်/ကောလိပ်အဆင့်တွင် တစ်ဦးလျှင်(၁၂၀၀၀ဝိ/-)နှုန်းဖြင့် (၇)ဦးအတွက် ၈၄၀၀၀ဝိ/-၊ အထက်တန်းအဆင့်တွင် တစ်ဦးလျှင်(၉၀၀၀ဝိ/-)နှုန်းဖြင့် (၁၂)ဦးအတွက် ၁၀၈၀၀၀ဝိ/-၊ အလယ်တန်းအဆင့်တွင် တစ်ဦးလျှင်(၇၀၀၀ဝိ/-)နှုန်းဖြင့် (၂၂)ဦးအတွက် ၁၅၄၀၀၀ဝိ/-၊ မူလတန်းအဆင့်တွင် တစ်ဦးလျှင်(၅၀၀၀ဝိ/-)နှုန်းဖြင့် (၃၄)ဦးအတွက် ၁၇၀၀၀၀ဝိ/-၊ ပညာသင်ထောက်ပံ့ စရိတ်စုစုပေါင်း (၅၁၆၀၀၀ဝိ/-)ကို ပေးအပ်ချီးမြှင့်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက လက်ခံရယူခဲ့ပါသည်။

 



ဓာတ်ပုံနှင့် ဗီဒီယိုများ