ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေး

ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေး

Ministry of Information/ ​နေပြည်တော် / June 30, 2020
image_latest


ဖနောင်ပင်မြို့  ဇွန်  ၃၀

ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ကပ်ရောဂါကာလတွင်း အခြေအနေများကြောင့် ဆက်လက်နေထိုင်ရန် အခက်အခဲရှိသည့် မြန်မာနိုင်ငံသားများအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး၊ ဖနောင်ပင်မြို့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International) တို့ ပူးပေါင်းစီစဉ်သည့် MAI ကယ်ဆယ်ရေးလေယာဉ်- 8M 402 ဖြင့် ၃၀-၆-၂၀၂၀ ရက်၊ အင်္ဂါနေ့၊ မွန်းလွဲ (၁၅:၃၅) နာရီအချိန်တွင် ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ MAI ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ပေါ်တွင် မြန်မာနိုင်ငံသား (၉၀)ဦးနှင့် အရေးပေါ်တာဝန်/ကိစ္စဖြင့် သွားရောက်မည့် နိုင်ငံခြားသား (၇)ဦး စုစုပေါင်း (၉၇) ဦးတို့ လိုက်ပါသွားခဲ့ရာ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် သံရုံးဝန်ထမ်းများမှ ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

#Ministry_of_Foreign_Affairs_Myanmar



ဓာတ်ပုံနှင့် ဗီဒီယိုများ