မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းတို့ တွေဆုံဆွေးနွေးပွဲသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းတို့ တွေဆုံဆွေးနွေးပွဲသို့ တက်ရောက်

Ministry of Information/ မကွေး / July 01, 2020
image_latest


မကွေး      ဇွန်      ၃၀

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အောက်ထပ် အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို ဒေသတွင်း ခရီးသွား လုပ်ငန်းဆိုင်ရာ များနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကားပြောကြားပြီး  ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်အောင်က အမှာစကား ပြောကြား ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ(၁) ဦးဇော်ဖြိုးဝေက အတူလိုက်ပါလာသူများနှင့် မိတ်ဆက်ကာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်တင်ပြပြီး  တိုင်းဒေသကြီးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ဆွေးနွေးတင်ပြခဲ့သည်။

အဆိုပါ အစည်းအဝေးတွင်  မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင် ရွက်နိုင်ရန်၊ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ(၁)နှင့် အဖွဲ့ဝင်များ  တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)



ဓာတ်ပုံနှင့် ဗီဒီယိုများ