ပုသိမ်၌ တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေးကျင်းပ

ပုသိမ်၌ တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေးကျင်းပ

Ministry of Information/ ​နေပြည်တော် / July 01, 2020
image_latest


ပုသိမ်  ဇူလိုင်  ၁

၆/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ ၂ နာရီခွဲက ​ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ARIC အစည်းအဝေးကို ကော်မတီစတင်ချိန်မှ ယနေ့အထိ လုပ်ငန်း (၄၉) ခု ခွင့်ပြုနိုင်ခဲ့ကြောင်း နှင့်  ၂၀၂၀ ပြည့်နှစ်အတွင်း အစည်းအဝေး (၅) ခုကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇) ခုကို ခွင့်ပြုပေးနိုင်ကြောင်း၊ ဆက်လက်ပြီး  အစည်းအဝေးကို တစ်လတစ်ကြိမ် အနည်းဆုံး ကျင်းပနိုင်ရေး ကြိုးပမ်းလျက်ရှိပြီး ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေချောမွေ့ရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသည် တိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးဖို့နှင့်  အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ အခြေခံဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဆက်လက်ဖိတ်ခေါ် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ထည့်သွင်း​ပြောကြားခဲ့သည်။

ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုကို ဥပဒေနှင့်အညီ အတည်ပြုမိန့် ထုတ်ပေးနိုင်ရေး ကော်မတီဝင်များ အနေဖြင့် ဆွေးနွေးညှိနှိုင်းသည့် အစည်း​အဝေးဖြစ်​ကြောင်း သိရသည်။ 

ခရိုင် ပြန်/ဆက်



ဓာတ်ပုံနှင့် ဗီဒီယိုများ