မိုးညှင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၈၀၄ စုကို ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်

မိုးညှင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၈၀၄ စုကို ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်

Ministry of Information/ ​နေပြည်တော် / July 01, 2020
image_latest


မိုးညှင်း  ဇူလိုင် ၁

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၈၀၄ စုအတွက် ထောက်ပံ့ငွေကျပ် ၂၇၀၆၀၀၀၀ ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ယနေ့နံနက် (၉:၀၀)အချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးကျော်ကျော်ဝင်းက ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့မှုများပေးလျက်ရှိရာ မိုးညှင်းမြို့နယ်အနေဖြင့် ပထမအကြိမ်ထောက်ပံ့မှုဖြစ်သော ရိက္ခာ(၅)မျိုးကို အိမ်ထောင်စု ၇၆၇၀ စုအတွက် ထောက်ပံ့ပေးခဲ့ပြီး ယခုဒုတိယအကြိမ်အနေဖြင့်  အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ရန် ကျန်ခဲ့သည့် အိမ်ထောင်စု ၁၈၀၄ စုအတွက်အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် သက်ဆိုင်ရာရပ်ကွက် /ကျေးရွာတာဝန်ခံ များအလိုက် ခွဲဝေထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးထံမှသိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်နယ်ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)



ဓာတ်ပုံနှင့် ဗီဒီယိုများ