ရွာသစ်မြို့နှစ်ပေါင်း(၁၅၀)ကျော်ရှိ ဟိုထာရှေးဟောင်းစေတီအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် အလှူငွေများပေးအပ် လှူဒါန်းခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရွာသစ်မြို့နှစ်ပေါင်း(၁၅၀)ကျော်ရှိ ဟိုထာရှေးဟောင်းစေတီအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် အလှူငွေများပေးအပ် လှူဒါန်းခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Ministry of Information/ ကယားပြည်နယ် / July 01, 2020
image_latest


ရွာသစ်  ဇူလိုင်  ၁

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဘာသာ၊ သာသနာ တော်များနှင့် ထွန်းကားပြန့်ပွားရေး အတွက် တတ်စွမ်းသမျှအလေးထား ပံ့ပိုးဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်တွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ  ရွာသစ်မြို့၊ ဟိုထာရှေးဟောင်း စေတီတော်မြတ်တွင်ဘုန်းတော်ကြီး ကျောင်းမှဆရာတော်၊ သံဃာတော် (၄)ပါးတို့အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်အရ ဟိုထာ ရှေးဟောင်း စေတီတော်သည် နှစ်ကာလ ကြာမြင့်ပြီဖြစ်၍ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် (၃၀)သိန်းအား သက်ဆိုင်ရာ ဂေါပကအဖွဲ့သို့ ပေးအပ် လှူဒါန်းခဲ့ကာလှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေတော်စေတီဘုရားသွားလမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအားကြည့်ရှုစစ်ဆေးခြင်း၊ရှေးဟောင်းမွေတော်စေတီနှင့် မွေတော်စေတီ အရှေ့ဘက်ရှိ ကယားပြည်နယ် ကန္တရဝတီ နယ်စားစော်ဘွား စဝ်ကွန်လမ်၏ဇနီးစဝ်မယ်ပိန်နှင့် စဝ်မယ်နန်းဟင့်တို့၏ ဥမင်နှစ်ခုအား ခရီးသွားကဏ္ဍဖော်ဆောင်နိုင်ရန်အတွက် သွားရောက်ကြည့်ရှုခြင်း၊ ရွှေရန်ပြေဆည် သဲနုံးတူးဖော်ခြင်းနှင့် ကန်ပတ်လမ်း ဖောက်လုပ်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

နန်းဆွေဆွေအေး(ပြန်/ဆက်)



ဓာတ်ပုံနှင့် ဗီဒီယိုများ