ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဖိုသိုလစ်သိုပုံနှိပ်စက်ရုံသို့ လှည့်လည်ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဖိုသိုလစ်သိုပုံနှိပ်စက်ရုံသို့ လှည့်လည်ကြည့်ရှုစစ်ဆေး

Ministry of Information/ ရန်ကုန် / August 01, 2020
image_latest


ရန်ကုန်    ဩဂုတ်    ၁

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီတွင် ဗဟန်းမြို့နယ်ရှိ ဖိုသိုလစ်သိုပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံလည်ပတ်မှု အခြေအနေများကို တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က စက်ရုံ၏ အခြေအနေများ၊ ဆောင်ရွက်ထားမှုအခြေအနေများ၊ ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို အကျယ်တဝင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် စက်ရုံအတွင်း ဆောင်ရွက်ထားမှုအခြေအနေ၊ စက်ပစ္စည်းများ ဆောင်ရွက်ထားမှုအခြေအနေ၊ လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)



ဓာတ်ပုံနှင့် ဗီဒီယိုများ