မြိုင်ကြီးငူ အထူးဒေသတိုက်ပွဲရှောင် စခန်းရှိ ကျောင်းသား/သူများအတွက် ကျောင်းသုံး ထောက်ပံ့ပစ္စည်းများ ပေးအပ်

မြိုင်ကြီးငူ အထူးဒေသတိုက်ပွဲရှောင် စခန်းရှိ ကျောင်းသား/သူများအတွက် ကျောင်းသုံး ထောက်ပံ့ပစ္စည်းများ ပေးအပ်

Ministry of Information/ ကရင် / August 01, 2020
image_latest


လှိုင်းဘွဲ       ဩဂုတ်  ၁

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနက မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား/သူများအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က အေးလင်းသာယာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က  ကျောင်းသား/ကျောင်းသူများ ပညာရေးကို ဆည်းပူးလေ့လာနိုင်ရန်အတွက် ကျောင်းသားမိဘများ၊ တာဝန်ရှိသူများက ဝိုင်းဝန်ကူညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း ငယ်ရွယ်ချိန်မှာ ပညာရေးကို ပထမဦးစားပေးအနေဖြင့် ကြိုစားသင်ယူရမည်ဖြစ်ကြောင်း ပြောကြားပြီး ကိုဗစ်-၁၉ ကာလတွင် ပညာရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေများကို တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။

ထိုနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်တို့က မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား/ကျောင်းသူ(၄၄၅)ဦးအတွက် တစ်ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင်၊ ကျောင်းဝတ်စုံ(၁)စုံစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)



ဓာတ်ပုံနှင့် ဗီဒီယိုများ