စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံများအား (၁၁.၉.၂၀၂၀) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမှုအခြေအနေ

Sagaing Region Government/ Monywa / September 11, 2020
logo

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၇.၄.၂၀၂၀)နေ့မှ (၁၀.၉.၂၀၂၀)နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၈၀၇)ခုအား ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ (၁၁.၉.၂၀၂၀)နေ့တွင် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁)ခုကိုလည်း ဖွင့်လှစ်ခွင့်လက်မှတ်များထုတ်ပေးထားရှိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် ယနေ့အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၈၀၈)ခု ဖွင့်လှစ်လျက်ရှိကြောင်းနှင့်ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ ကိုလည်း စစ်ဆေးရေးအဖွဲ့များက နေ့စဉ်စစ်ဆေးလျက်ရှိပါသည်။ ​​​​​​​

​​​​​​​

ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း