သတင်းတင်ပြခြင်း

သတင်းတင်ပြခြင်း

Sagaing Region Government/ Monywa / October 13, 2020


၂၀၂၀ ပြည့်နှစ် ၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁၃.၁၀.၂၀၂၀)ရက်နေ့ နံနက်(၀၉၃၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီးသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ၊ အတွင်းရေးမှူး(တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ဉီးစဝီလီဖရန့်)နှင့် စစ်ကိုင်းတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီလက်အောက်ရှိ လုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများ (တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ)မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် တက်ရောက် ခဲ့ပါသည်။
Its All About Governance“ပေါင်းစည်းညီညွတ်သောစီမံဆောင်ရွက်မှုမှသည်သဘာဝဘေး လျော့ပါးရေးဆီသို့”ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ယခုနှစ်အခမ်းအနားတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုတိယသမ္မတ ဉီးဟင်နရီဗန်ထီးယူက အဖွင့် မိန့်ခွန်း ပြောကြားခြင်း ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားခြင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နှုတ်ခွန်းဆက်စကားပြောကြားခြင်း ၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ဗွီဒီယိုမှတ်တမ်းပြသခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများပေး အပ်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ပြီး Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အဆိုပါအခမ်းအနားကို (၁၀၂၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

​​​​​​​



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း