သတင်းတင်ပြခြင်း

သတင်းတင်ပြခြင်း

Sagaing Region Government/ Monywa / October 13, 2020


မုံရွာခရိုင် ၊ အရာတော်မြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ(၅)ဦးရှိလာသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် (၁၂.၁၀.၂၀၂၀) ရက်နေ့ နေ့လည် (၁၄၀၀)နာရီအချိန် အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းများ ရောဂါပိုးကူးစက်မခံရရေး၊ ပိုးတွေ့ လူနာများ သေဆုံးမှု မရှိစေရေး၊ Quarantine Center များ ပိုမိုရရှိနိုင်သမျှ လျာထားနိုင်ရေး ၊ Contact Tracing စံစနစ်တကျလိုက်လံ ရှာဖွေရေး ၊ ပြည်သူလူထု ပါဝင်ပူးပေါင်းပါဝင်စေရေးနှင့် ပိုးတွေ့လူနာများ ပိုမို လက်ခံနိုင်ရေး စသည်တို့ကို ကြိုတင်ပြင်ဆင်ထားရှိရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ Apron(၅)ခု ၊ Surgical Gown(၅)ခု ၊ Face Shield (၁၅)ခု ၊ Level 2 PPE(၁၀)စုံတို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး Medical Grade PPE (၁၀)စုံကို အလှူရှင် ဦးအောင်ဆန်းထွန်း + ဒေါ်ပေါကြည်(ပြည့်သုခ ကုမ္ပဏီ)မုံရွာမြို့ ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

​​​​​​​



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း