သတင်းတင်ပြခြင်း

သတင်းတင်ပြခြင်း

Sagaing Region Government/ Monywa / October 13, 2020


(၁၃-၁၀-၂၀၂၀)ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ဆေးဆိုင် ကုန်စုံဆိုင်များတွင် သုံးစွဲရန်မသင့်ကြောင်း ကြော်ငြာထားသော တိုးရင်းဆေးဝါးဖြစ်သည့် ကိုဗစ်နိုင် ဆေးလျှက်ဆားနှင့် အရေးကြီးကုန်စည်များဖြစ်သည့် COVID-19 ကာကွယ်ရေးသုံး ပစ္စည်းများ၊ ဆေးဝါးများနှင့် အခြေခံစားသောက်ကုန်စည်များ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာန၊ သက်ဆိုင်ရာဌာနများဖြင့် ကွင်းဆင်းစစ်ဆေးခြင်း၊ ကျွန်းလှ-ကန့်ဘလူလမ်း ကျွန်းလှမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ အခြားယာဉ်များ၊ ဖြတ်သန်းသွားလာသူများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက် ဦးဝင်းရှိန်+ဒေါ်မျိုးမင်းမင်းလတ် မိသားစုမှ Quarantine Center များသို့ နံနက်စာအဟာရနှင့် Mask များ လှူဒါန်းဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ ​​​​​​​



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း