စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ဝက်လက်မြို့နယ်မှ ရှေးဟောင်းပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ဝက်လက်မြို့နယ်မှ ရှေးဟောင်းပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း

Sagaing Region Government/ Monywa / October 15, 2020


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့်ဇနီး ဒေါ်တင့်တင့် (ခ)ဒေါ်ချူးချူးသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်(၁၀)နာရီက ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်းရှိ ရေပူစမ်းနာနေအဆောင်တွင် ရှေးဟောင်းပစ္စည်းများအပ်နှံခဲ့သော ဒေါ်တင်မနှင့်တွေ့ရှိသူ များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား လက်ရောက်ပေးအပ်ခဲ့ပါသည်။
ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုဖြစ်သော ဟန်လင်းမြို့ ဟောင်း တောင်ဘက်မြို့ရိုး အပြင်ဘက် တူးဖော်မှုကုန်းအမှတ်(၃)၊ အနောက်တောင်ဘက် ပေ(၁၃၀)ခန့်အကွာ ဒေါ်တင်မ အပိုင် ယာမြေ အား ဒေသခံလုပ်သားများမှ ယာမြေရှင်းလင်းရာမှ တွေ့ရှိခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ဖြစ်သောပျူခေတ်ရွှေစေတီ ထီးတော်(၁)ဆူ၊ ရွှေခေါင်းလောင်း(၁)ခု၊ ငွေပစ္စယာ(၁)ခု၊ ငွေပစ္စယာအောက်ခံပြား(၁)ခု၊ ငွေနန်းကြိုး အပိုင်းအစ (၃)ခု၊ ငွေအပိုင်းအစ(၂)ခုတို့ကို အပ်နှံခြင်းအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်ထားသော ငွေကျပ် (၁၁၉၀၂၉၇ဝိ)-(ကျပ် တစ်ရာတစ်ဆယ့်ကိုးသိန်း နှစ်ထောင့် ကိုးရာခုနှစ်ဆယ်တိတိ)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ဒေါ်တင်မနှင့်တွေ့ရှိသူများထံ လက်ရောက်ပေးအပ်ခဲ့ပြီး ရပ်မိရပ်ဖ ဦးခင်သောင်းက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့‌နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၏ ဟန်လင်းမြို့ဟောင်းအတွင်း တူးဖော်ရရှိထားသောရှေးဟောင်းကျောက် ပန်းပု လက်ရာများနှင့် ရှေးဟောင်း လူထုခန်းမဆောင် ထိန်းသိမ်းထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဟန်လင်းမြို့ဟောင်း၏ ပျူခေတ် ယဉ်ကျေးမှု လက်ရာများပျောက်မသွားစေဘဲ မူလအတိုင်း ထာရှိစေရေး အားလုံးပူးပေါင်းဝိုင်ဝင်းထိန်းသိမ်း စောင့်ရှောက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ​​​​​​​

​​​​​​



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း