မွန်မြတ်သည့်စိတ်ထားခံယူချက်ဖြင့်သာ



မွန်မြတ်သည့်စိတ်ထားခံယူချက်ဖြင့်သာ
Ministry of Information/ naypyitaw / January 14, 2021
“မိမိတို့ပြည်နယ်အတွက် ပညာနှင့်ယှဉ်တွဲသော သတ္တိရှိခြင်း၊ မိမိတို့မျိုးဆက်သစ်များအတွက် မေတ္တာနှင့်ယှဉ်တွဲသော ရဲရင့်ခြင်းသည် မွန်မြတ်သောစိတ်ဓာတ်၊ ထားအပ်သည့် ခံယူချက်၊ မြင့်မြတ်သော တာဝန်များဖြစ်သည်ဟု ရှုမြင်လျက် ပိုမိုငြိမ်းချမ်း၊ ပိုမိုတိုးတက်၊ ပိုမိုကောင်းမွန် သောနှစ်သစ်ကို လက်တွဲပူးပေါင်း ဖော်ဆောင်ကြရန်လည်း အလေးအနက် ဖိတ်ခေါ်လိုပါသည်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယင်းသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ ပြည်ထောင်စုသားအားလုံး ခံယူရမည့် သဘော တရားဖြစ်သည်။ ယင်းသည် တိုင်းရင်းသား လူမျိုးအသီးသီး မိမိတို့ ပြည်နယ်အတွက်၊ မိမိတို့ မျိုးဆက်သစ်များအတွက် ခံယူရမည့်၊ ထားရှိရမည့် တူညီသောစိတ်ထားဖြစ်သည်။ ပြည်ထောင်စုကြီးအတွက် ဤတူညီသော သဘောတရားနှင့် ခံယူချက်များဖြင့် လုပ်ဆောင် ကြမည်ဆိုပါက မိမိတို့ပြည်နယ်၊ မိမိတို့လူမျိုးအတွက် သာမက ပြည်ထောင်စုကြီးတစ်ခုလုံးအတွက်ပါ အေးချမ်းသာယာ ဖွံ့ဖြိုးဝေဆာ အလှတိုးမည် ဖြစ်သည်။
အဓိကမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်များအား ကိုယ်စားပြုဦးဆောင်နေသော ခေါင်းဆောင်များက ဤမွန်မြတ်သည့်စိတ်ထားများဖြင့် အကောင်အထည် ဖော်သွားကြရေးသာဖြစ်သည်။ ထိုသို့ ဖော်ဆောင်ကြပါက ဖြစ်ပေါ်လာမည့် အခြေအနေအား ကရင်ပြည်နယ်ကို နမူနာထား၍ ဖော်ညွှန်းထားသည့် မေးခွန်းအဖြေနှင့်အညီ မျှော်မှန်းနိုင်ကြမည်ဖြစ်သည်။ နောင်လာမည့် ၁၀ နှစ်၊ ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် မိမိတို့ကရင်ပြည်နယ်ကြီးကို မည်သည့်အနေအထားမျိုး၊ မည်သည့်အဆင့်အတန်းမျိုး ဖြစ်နေသည်ကို မြင်ချင်ပါသနည်း။ အဆိုပါမေးခွန်းကို လက်ရှိ ကရင်ပြည်နယ်ရှိ တာဝန်ရှိသူများ၊ အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၏ အမြော်အမြင်နှင့် စိတ်ပိုင်းဖြတ်ချက်တို့က အဖြေပေး သွားမည်ဖြစ်ပါသည်။
ယခုအခါ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလာ ပြီဖြစ်သည်။ ကုန်ဆုံးခဲ့သော ကာလများကို ပြန်လည်တွေးတော ပူပန်မနေတော့ဘဲ ယခုအချိန်မှစ၍ ရှေ့အဖို့ကာလအတွင်း နိုင်ငံနှင့် ပြည်သူများ၏ အနာဂတ်အတွက် စိတ်သစ်၊ ကိုယ်သစ်၊ တွေးခေါ်မြော်မြင်မှု အသစ်များဖြင့် အကောင်းဆုံး ဖော်ဆောင်ကြရမည့် အချိန်အခါဖြစ်သည်။ ယခုလာမည့်နှစ်သစ်မှစတင်၍ ကရင်ပြည်နယ်သာမက ကျန်ပြည်နယ် ဒေသအားလုံးရှိ တာဝန်ရှိသူများ၊ ခေါင်းဆောင်များ၏ အဆုံးအဖြတ်ဆောင်ရွက်ချက်များသည် ဆယ်စုနှစ် တစ်ခုကာလအတွင်း မျိုးဆက်သစ် များအပေါ် ထားရှိသည့်စေတနာ၊ မေတ္တာနှင့် မျှော်မှန်းချက်တို့ ဖြစ်၊ မဖြစ် လာမည့်ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် အထင်အရှား တွေ့မြင်ရ မည်ဖြစ်သည်။
မွန်မြတ်သောစိတ်ထားဟူသည် ယခုလက်ရှိ မိမိတို့ဒေသ၊ မိမိတို့ အကျိုးစီးပွားသာမက အနာဂတ်ကာလ မိမိတို့ပြည်ထောင်စု မိမိတို့ မျိုးဆက်များအတွက် အကောင်းဆုံး လုပ်ဆောင် ပြနိုင်ခြင်းပင်ဖြစ်သည်။ မိမိတို့ လက်ရှိဖြစ်လိုသော စိတ်ဆန္ဒများထက် အနာဂတ်ကာလ ပြည်သူများအတွက် မြော်တွေးအနစ်နာခံ လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ပြည်ထောင်စု တစ်ဝန်းလုံး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ စစ်မှန်သည့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ထွန်း လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော မျိုးဆက်သစ် များ၊ မိမိခြေထောက်ပေါ်မိမိတို့ ခိုင်ခိုင်မာမာရပ်တည်ပြီး နည်းပညာ လူ့အဖွဲ့အစည်းတွင် တန်းတူရည်တူရပ်တည်နိုင်သည့်၊ ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် လူငယ်များ၏ အင်အား ဖြင့် နိုင်ငံတည်ဆောက်ရေးကို ဆက်လက် လက်ဆင့်ကမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဤအတွေးအခေါ်၊ သဘောတရား၊ ရည်မှန်းချက်များသည် မွန်မြတ်သော စိတ်ဓာတ်၊ ထားအပ်သည့်ခံယူချက်၊ မြင့်မြတ်သောတာဝန်များ ဖြစ်ပေသည်။ မျက်မှောက်ကာလ ခေါင်းဆောင် အသီးသီးတို့အနေဖြင့် ထိုစိတ်ထားများ ထားရှိမွေးမြူးကာ မိမိတို့ပြည်ထောင်စုအတွက်၊ မိမိတို့ တိုင်းရင်းသားပြည်သူများအတွက် ယခုအချိန်မှစတင်၍ ကြိုးပမ်းအားထုတ် အကောင်အထည် ဖော်မည်ဆိုပါက လာမည့်ဆယ်စုနှစ်ကာလ ၂ဝ၃ဝ ပြည့်နှစ်တွင် မိမိတို့ပြည်နယ်ဒေသ အပါအဝင် ငြိမ်းချမ်းသာယာ ဝပြောစည်ပင်ဖွံ့ဖြိုးသော ပြည်ထောင်စုကြီးအဖြစ် ဝင့်ကြွားစွာ ပေါ်ထွက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့သည့် သဝဏ်လွှာပါး နှုတ်ဆက်စကားသည် ကရင်ပြည်နယ်၊ ကရင်ပြည်ထောင်စုသားများအတွက်သာမက လာမည့်အနာဂတ် ဆယ်စုနှစ်ကာလ ပြည်ထောင်စုကြီး အတွက်၊ မျိုးဆက်သစ်လူငယ်များအတွက် ထားရှိရမည့် မွန်မြတ်သော စိတ်ထားများ၊ ခံယူချက်များနှင့် ဆောင်ရွက်ပေးရမည့် မြင့်မြတ်သည့် တာဝန်များ ဖြစ်ပါကြောင်း။ ။
ကြေညာချက်များ
-
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများ အသိပေးအကြောင်းကြားခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Jan 27,2021 -
နည်းပညာအဆိုပြုလွှာအောင်မြင်သူများအား ထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Jan 27,2021 -
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများ အသိပေးအကြောင်းကြားခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Jan 26,2021
ဆက်လက်ဖတ်ရှုရန် >>
-
MPFMp-A-GS701:Invites bids for Supply and Installation of IT Equipment for Network Operation Center (NOC) for Mini Data Centers and Support Services for the Internal Revenue Department
Agency: စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပိတ်သိမ်းမည့်နေ့ 15, Feb 2021 -
MPFMp-C2-GS745:Invites bids Share Point Software Licenses – Supply & Implementation for the Myanma Economic Bank.
Agency: စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပိတ်သိမ်းမည့်နေ့ 11, Feb 2021 -
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Agency: နေပြည်တော်စည်ပင်သာယာရေးကော်မတီ ပိတ်သိမ်းမည့်နေ့ 11, Feb 2021 -
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပစ္စည်းဟောင်းများရောင်းချရန်အတွက် တင်ဒါခေါ်ယူခြင်း
Agency: ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပိတ်သိမ်းမည့်နေ့ 05, Feb 2021 -
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
Agency: ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပိတ်သိမ်းမည့်နေ့ 05, Feb 2021
ဆက်လက်ဖတ်ရှုရန်
-
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
Agency: စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပိတ်သိမ်းမည့်နေ့ 26, Feb 2021 -
နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ ဌာနများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများနှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ကြောင်း
Agency: နေပြည်တော်စည်ပင်သာယာရေးကော်မတီ ပိတ်သိမ်းမည့်နေ့ 05, Feb 2021 -
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
Agency: စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပိတ်သိမ်းမည့်နေ့ 14, Jan 2021 -
Local Assistant for Administration and Finance ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Agency: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပိတ်သိမ်းမည့်နေ့ 15, Nov 2020 -
-နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၂)(ဓာတ်ခွဲ) လစာနှုန်း(၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)ရာထူး (၄)နေရာခန့်ထားရန်ရှိပါသဖြင့် သတ်မှတ်အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင်ပါသည်
Agency: နေပြည်တော်စည်ပင်သာယာရေးကော်မတီ ပိတ်သိမ်းမည့်နေ့ 01, Oct 2020
ဆက်လက်ဖတ်ရှုရန်
အရေးပေါ်ဆက်သွယ်ရန်

ဆေးရုံများ
၀၁-၉၆၉၀၄၁၇ ၊ ၀၁-၉၆၉၉၄၂၂ ၊ ၀၁-၉၆၉၉၄၂၃ ၊ ၀၁-၉၆၉၉၄၂၄ ၊ ၀၁-၉၆၉၉၄၁၀ ၊ ၀၁-၉၆၉၀၂၉၅
၀၁-၂၂၁၄၁၃, ၀၁-၂၂၂၈၀၄, ၀၁-၂၂၂၈၀၅, ၀၁-၂၂၂၈၀၆
၀၁၃-၆၄၅၇၄၈ ၊ ၀၁၃ – ၆၄၅၇၅၆၊ ၀၁၃ – ၆၄၅၇၅၁
၀၂-၄၀၂၄၉၁၅ ၊ ၀၂-၄၀၂၄၉၁၆ ၊ ၀၂-၄၀၂၄၉၁၇

မီးသတ်
၁၉၁ ၊ ၀၆၇-၄၂၀၀၀၅ ၊ ၀၆၇-၄၂၅၅၄၀
၁၉၁ ၊ ၀၆၇-၅၀၀၁၁၉ ၊ ၀၉-၄၃၀၇၉၂၉၅
၁၉၁ ၊ ၀၂-၄၀၆၀၇၃၈ ၊ ၀၂-၄၀၂၁၀၈၂ ၊ ၀၂-၄၀၂၁၀၉၁

ရဲစခန်း

ရန်ကုန်-မန္တလေး အဝေးပြေးလမ်း ရဲစခန်း
၀၆၇-၈၁၀၀၀၈၇ ၊ ၀၉-၇၈၂၅၃၁၆၈၈ ၊ ၀၉-၇၈၄၁၃၂၇၁၃
၀၉-၄၂၀၈၈၈၈၀၅ ၊ ၀၉-၇၈၄၆၄၀၄၈၄ ၊ ၀၉-၇၈၄၆၄၀၄၈၅
၀၉-၄၂၀၈၈၈၈၀၆ ၊ ၀၉-၂၅၇၅၀၀၀၈၄ ၊ ၀၉-၇၉၃၂၀၅၇၂၉
၀၉-၄၂၀၈၈၈၈၃၀ ၊ ၀၉-၉၆၀၀၁၆၉၉၆ ၊ ၀၉-၇၈၉၉၁၁၀၇၀
၀၉-၄၂၀၈၈၈၈၀၇ ၊ ၀၉-၇၈၄၈၈၃၉၀၀ ၊ ၀၉-၉၆၁၁၈၇၇၃၃
၀၉-၄၂၀၈၈၈၈၀၉ ၊ ၀၉-၉၇၂၀၃၀၉၆၆ ၊ ၀၉-၇၈၂၉၃၁၆၉၅
၀၉-၄၂၀၈၈၈၈၁၀ ၊ ၀၉-၇၈၈၉၄၉၉၃၀ ၊ ၀၉-၇၈၈၉၄၉၉၄၀
၀၉-၄၂၀၈၈၈၈၁၁ ၊ ၀၉-၉၇၁၀၆၁၃၁၈ ၊ ၀၉-၇၈၄၈၇၄၆၉၆
၀၉-၄၂၀၈၈၈၈၄၇ ၊ ၀၉-၇၈၉၈၈၃၉၇၇ ၊ ၀၉-၉၆၃၀၁၈၅၇၈
၀၉-၄၂၀၈၈၈၈၁၂ ၊ ၀၉-၇၈၂၅၇၇၀၇၄ ၊ ၀၉-၆၃၀၁၃၂၄
၀၉-၄၂၀၈၈၈၈၆၀ ၊ ၀၉-၉၇၇၁၀၁၆၆၈ ၊ ၀၉-၇၈၄၁၃၂၆၃၃
၀၉-၄၂၀၈၈၈၈၁၄ ၊ ၀၉-၉၇၆၃၀၆၈၇၆ ၊ ၀၉-၇၈၄၄၁၃၀၈၄၇
၀၉-၄၂၀၈၈၈၈၁၅ ၊ ၀၉-၇၈၂၂၂၆၃၈၅ ၊ ၀၉-၉၇၉၀၃၃၅၇၄
၀၉-၄၂၀၈၈၈၈၁၆ ၊ ၀၉-၇၉၉၀၀၀၃၄၅ ၊ ၀၉-၉၇၂၁၅၀၀၁၀
၀၉-၄၂၀၈၈၈၈၁၇ ၊ ၀၉-၇၈၄၀၉၃၆၃၉ ၊ ၀၉-၇၈၄၁၀၄၉၇၇