ရွှေကူမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရွှေကူမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Ministry of Home Affairs/ နေပြည်တော် / January 14, 2021
နော်လီအောင်၊ ယော်ထုန် တို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်


ဇန်နဝါရီလ ၁၃ ရက်နေ့ ၁၆၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ်၊ စီမော်ကျေးရွာအုပ်စု၊ မိုးကင့်ကျေးရွာအနီးတွင် နော်လီအောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် ယော်ထုန် မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ၂ စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ နော်လီအောင် မောင်းနှင်လာသော ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ် အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၃၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၉,၀၀၀ ပြားတို့အားလည်းကောင်း၊ ယော်ထုန် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၃၂ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယော်ထုန်(၃၅)နှစ်၊ နော်လီအောင်(၁၅)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။



ဓာတ်ပုံနှင့် ဗီဒီယိုများ