ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ် အပ်နှံသည့် လယ်ယာမြေ များအား တောင်သူများ ထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်



ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ် အပ်နှံသည့် လယ်ယာမြေ များအား တောင်သူများ ထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်
Ministry of Information/ naypyitaw / January 14, 2021
ရပ်စောက် ဇန်နဝါရီ ၁၄
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော် မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် ဗိုလ်ချုပ် မြင့်နွယ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် နေပြည်တော်မှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့သို့ရောက်ရှိပြီး ရဿဝတီခန်းမ၌ ကျင်းပသည့် ရပ်စောက်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ် နှံသည့် လယ်ယာမြေများအား တောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ -၇) လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ ပြန်လည် စွန့်လွှတ်သည့် မြေများအား လက်ခံရယူကြမည့် တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ က တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူး တပ်နယ်အတွင်းရှိ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံခဲ့သည့် ကန်တော်မင် ဧရိယာ (၁၀၆၃၄ ဒသမ ၉၅၆) ဧကအတွင်းရှိ စိုက်ပျိုးမြေဧရိယာ (၅၁၈၄ ဒသမ ၇၀)ဧက ကို မူလတောင်သူ (၁၁၁၆)ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)များ ပေးအပ် သွားမည်ဖြစ်ပါကြောင်း။
စွန့်လွှတ်အပ်နှံမြေများအား မူလတောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲများ ကိုမိမိကိုယ်တိုင် တက်ရောက် အားပေးခဲ့ရာ ယခုအခမ်းအနားသည် (၂၄) ကြိမ်မြောက်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည် စွန့်လွှတ်အပ်နှံသည့် မြေများအနက် ယခုအကြိမ် သည် ပမာဏအများဆုံး ဖြစ်သည့်အပြင် မိမိတို့အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ဌာနများမှ ပြန်လည်စွန့်လွှတ် အပ်နှံခဲ့ သည့် မြေများတွင်လည်း ပမာဏအများဆုံး ဖြစ်သဖြင့် ပြန်လည် လွှဲအပ်ခြင်းအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ လိုသော်လည်း လက်ရှိရင်ဆိုင် ကြုံတွေ့နေရသည့် ကိုဗစ် - ၁၉ ကပ်ရောဂါ အခြေအနေကြောင့် ယခုကဲ့သို့ အကျဉ်းချုံးဆောင် ရွက်ရခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ကပ်ရောဂါမှ ကင်းဝေးလွတ်မြောက်စေရန် ကိုဗစ်-၁၉ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါကြောင်း။
စွန့်လွှတ်အပ်နှံမြေများ မူလပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ရာ တွင်သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စွန့်လွှတ် ထားပြီးဖြစ်သော်လည်း မူလလက်ငုတ်နှင့် လက်ရှိ လက်ငုတ်အငြင်းပွားနေမှုများကြောင့် ကာယကံရှင်လက်ဝယ်သို့ ရောက်ရှိရန် အချိန်ကြန့်ကြာ နေမှုများကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အောက်ခြေမှ စိစစ်တွေ့ရှိချက်များနှင့်မြေ ပြင်ပကတိအခြေအနေ ကွဲလွဲမှုမရှိစေရေးအတွက် ကွင်းဆင်း စိစစ်ကြပ်မတ် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
စိစစ်တင်ပြလာသည့် အမှုတွဲများအနက် တင်ပြတိုင်ကြားသူ ကာယကံရှင်အား ယနေ့ အချိန်ထိ ဆက်သွယ် စုံစမ်းမရသည့် အမှုတွဲ များနှင့် လိပ်စာရှင်ရှာဖွေမတွေ့ရှိသည့် အမှုတွဲ များကိုလည်း တင်ပြတိုင်ကြားသူများ၏ အကျိုးစီးပွားနစ်နာမှုမရှိစေရေးအတွက် (Notice Board) တင်၍ တင်ပြခြင်းနှင့် နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာထည့်သွင်းခြင်းများဖြင့် တိုင် ကြားသူအပါအဝင် ဆွေမျိုး သားချင်းနှင့် မိတ်ဆွေသင်္ဂဟများ သိရှိအောင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတွင် လယ်ယာမြေသည် လယ်သမားများအတွက် အသက်သွေး ကြောဖြစ် ပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် လယ်သမားများအတွက် အသက်တမျှ အရေးကြီးလှသည့် လယ်ယာ မြေများ ပြန်လည်ရရှိရေးကို ဦးစားပေး အထူး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း။
ပြန်လည်စွန့်လွှတ်သည့်မြေများ မူလတောင်သူများထံမြန်မြန်ရောက်ရှိပြီး စောစော အကျိုးခံစားနိုင်ရန် စိုက်ပျိုး ရာသီအမီ အမြန် လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ပွင့်လင်းမြင် သာမှုရှိပြီး ရေရှည်ဖွံ့ဖြိုးမှုဖြစ်စေမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ စနစ်တကျ စိစစ်လွှဲ ပြောင်းပေးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထိုသို့ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လယ်မဲ့၊ ယာမဲ့၊ အလုပ်အကိုင်အခွင့်အလမ်း မရှိ သဖြင့် ကျေးလက်ဒေသများကို စွန့်ခွာသွားမှုများ၊ မြို့ကြီးပြကြီးများသို့ မိသားစုလိုက် ရွှေ့ပြောင်းကျူး ကျော်နေထိုင်မှုများ၊ ပြည်ပနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် သွားရောက် လုပ်ကိုင် နေမှုများနှင့် မြန်မာပြည်မှ ခေတ်ပညာတတ်လုပ်ငန်းကျွမ်းကျင်မှုရှိသော လူ့စွမ်းအားအရင်း အမြစ်များ ပြည်ပသို့ ထွက်ခွာ ဆုံးရှုံးနေမှုများသည်လည်း တဖြည်းဖြည်းလျော့ကျလာမည် ဖြစ်ပါကြောင်း။
ယနေ့လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည်ရရှိကြသည့် တောင်သူများအနေဖြင့် နိုင်ငံ တော်အစိုးရ၏ အလေးထား ဆောင်ရွက်ပေး နေမှုများကို နားလည်သိရှိပြီး မိမိတို့မိသားစု လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ရိုးသားကြိုးစားစွာ လုပ်ကိုင်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့အတူ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပြီး မျိုး ကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကာ အရည်အသွေး အဆင့်အတန်း မြင့်မားပြီး အထွက်နှုန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြရန် လိုအပ် သကဲ့သို့ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေး အတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ့သည့် လယ်ယာထုတ်ကုန်စနစ်ထွန်းကား စေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မား လာစေ ရေးနှင့် နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်းအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် လုပ်ကွက်ငယ် တောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသည့် မြေ များ တရားဝင် ပိုင်ဆိုင် နိုင်ရေး၊ လယ်ယာမဲ့ တောင်သူလယ်သမားများ အမှန်လုပ်ကိုင်ဆောင် ရွက်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့် လွယ်ကူစွာရရှိရေး၊ ဒေသ ခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံး တမ်း အစဉ်အလာအရ သတ်မှတ်မြေများ၊ အများပြည် သူနှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိအ သုံးပြုထားသည့် မြေများကို မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများအဖြစ် ခွင့်ပြုချထားခြင်းမပြုစေရေးတို့အတွက် ၂၀၁၂ခုနှစ်၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ ဥပဒေကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်းကောင်း ပြင်ဆင်ပြဋ္ဌာန်း ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
ယခုကဲ့သို့ လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်ရရှိကြသည့် တောင်သူများအနေဖြင့် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပါ လယ်ယာ မြေကို လုပ်ပိုင်ခွင့်နှင့် ယင်းမှပေါ်ထွက်လာသော အကျိုးအမြတ်ခံစားခွင့်များအပြင် သတ်မှတ် စည်းကမ်းများနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်နှင့် အမွေဆက်ခံ ခွင့်များကိုလည်း ရရှိကြမည်ဖြစ်ပါ ကြောင်း။
ယခုကဲ့သို့သော စွန့်လွှတ်အပ်နှံမြေများကို မူလတောင်သူလယ်သမားများ လက်ဝယ်သို့ ပြန်လည်ပေးအပ် နိုင်အောင် ကြိုးစား ဆောင်ရွက်ပေးခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန် ရှိသူများကို နိုင်ငံကိုယ်စား၊ လယ်ယာ မြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီကိုယ်စား ကျေးဇူးတင်အသိ အမှတ်ပြု ပါကြောင်း၊ တောင်သူလယ်သမားကြီးများ အနေဖြင့်လည်း မိမိတို့ ပိုင်ဆိုင်လုပ်ကိုင် ခွင့်ရမြေယာများကို သားစဉ်မြေးဆက်တိုင် အဘက်ဘက်က တိုးတက်အောင် ရင်းနှီး မြှုပ်နှံ လုပ်ကိုင်ရင်း စားနပ်ရိက္ခာ ဖူလုံစေရုံသာမက ပြည်ပပို့ကုန် ထုတ်လုပ်တင်ပို့သူ များအဖြစ်ပါ လုပ်ကိုင် ဆောင်ရွက် သွားနိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန် လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် အတွင်း စွန့်လွှတ်မြေများအနက် မူလတောင်သူ များထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက် မှတ် ပုံစံ - ၇ ပေးအပ်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဗထူးတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး တင်နိုင်ဦး က တောင်ကြီးခရိုင် အုပ် ချုပ်ရေးမှူးထံ စွန့်လွှတ် မြေများနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ် သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပြည်နယ်ဝန်ကြီး ဦးစိုင်းလုံကျော် နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသက်နိုင်ဦး တို့က ဟွေးကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာအုပ်စု၊ မကျီး ကုန်းကျေးရွာ အုပ်စုနှင့် လွယ်ကိုးကျေးရွာအုပ်စုတို့မှ တောင်သူ (၁၁၁၆) ဦးကိုယ်စား တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) များပေးအပ်ကြသည်။
ယင်းနောက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) လက်ခံရယူကြသည့် တောင်သူများကိုယ်စား အင်းမှီးကျေးရွာမှ တောင်သူ ဦးကြည်ခိုင်စိုး က ကျေးဇူးတင်ဝမ်း မြောက်စကားပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ က အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများ အား နှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ရပ်စောက်မြို့မှ မွန် ပြည်နယ် မော်လမြိုင် မြို့သို့ရောက်ရှိကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတ သည် သမိုင်းဝင်ကျိုက်သလ္လံစေတော်မြတ်ကြီးသို့ရောက် ရှိကာ စေတီတော် ဧည့်သည် တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး စေတီတော်ပြုပြင်မွမ်းမံ တည်ဆောက်ရေးအတွက် အလှူငွေများပေးအပ် လှူဒါန်းသည်။
ယင်းနောက် ဒုတိယသမ္မတ သည် သမိုင်းဝင်ကျိုက်သလ္လံစေတော်မြတ်ကြီးအား လှည့် လည်ကြည်ညိုပြီး အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြုပြင် မွမ်းမံတည်ဆောက်လျက်ရှိသည့် စေတီတော် ရင်ပြင် မြေထိန်းနံရံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် မော်လမြိုင်မြို့ ရေပေးဝေရေး အတ္ထရံမြစ်ရေတင် စီမံကိန်း Control Room သို့ရောက်ရှိရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေး မှူး ဦးတင်ကိုကို နှင့် Modern World JV Sanli Enviromental ( Myanmar) Co.,Ltd မှ ဦးမြတ်ကိုကို တို့က မော်လမြိုင်မြို့၏ လက်ရှိရေပေးဝေရေး ဆောင်ရွက်နေမှု အခြေအနေ၊ အတ္ထရံ(၁) မြစ်ရေပေးဝေရေးလုပ်ငန်းအခြေအနေ၊ အတ္တရံ(၂) ရေပေးဝေရေး လုပ်ငန်း အခြေ အနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းသည်။
ထို့နောက် ဒုတိယသမ္မတသည် ရေပေးဝေရေး စီမံကိန်းလုပ်ငန်း တည်ဆောက်ပြီးစီး မှုအခြေအနေများနှင့် စမ်းသပ်လည်ပတ်လျှက်ရှိသည့်အခြေအနေများကို လှည့်လည်ကြည့် ရှုစစ်ဆေးသည်။
အဆိုပါစီမံကိန်းမှ တစ်နေ့လျှင် ရေဂါလံ ၄ ဒသမ ၈ သန်းကို မြို့ပေါ်ရပ်ကွက် ၁၆ ရပ်ကွက်သို့ သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း တန်ဖိုးငွေကျပ် ၈ ဒသမ ၅ ဘီလီယံရှိကြောင်း သိရသည်။
(သတင်းစဉ်)
ကြေညာချက်များ
-
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများ အသိပေးအကြောင်းကြားခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Jan 27,2021 -
နည်းပညာအဆိုပြုလွှာအောင်မြင်သူများအား ထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Jan 27,2021 -
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများ အသိပေးအကြောင်းကြားခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Jan 26,2021
ဆက်လက်ဖတ်ရှုရန် >>
-
MPFMp-A-GS701:Invites bids for Supply and Installation of IT Equipment for Network Operation Center (NOC) for Mini Data Centers and Support Services for the Internal Revenue Department
Agency: စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပိတ်သိမ်းမည့်နေ့ 15, Feb 2021 -
MPFMp-C2-GS745:Invites bids Share Point Software Licenses – Supply & Implementation for the Myanma Economic Bank.
Agency: စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပိတ်သိမ်းမည့်နေ့ 11, Feb 2021 -
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Agency: နေပြည်တော်စည်ပင်သာယာရေးကော်မတီ ပိတ်သိမ်းမည့်နေ့ 11, Feb 2021 -
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပစ္စည်းဟောင်းများရောင်းချရန်အတွက် တင်ဒါခေါ်ယူခြင်း
Agency: ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပိတ်သိမ်းမည့်နေ့ 05, Feb 2021 -
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
Agency: ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပိတ်သိမ်းမည့်နေ့ 05, Feb 2021
ဆက်လက်ဖတ်ရှုရန်
-
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
Agency: စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပိတ်သိမ်းမည့်နေ့ 26, Feb 2021 -
နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ ဌာနများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများနှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ကြောင်း
Agency: နေပြည်တော်စည်ပင်သာယာရေးကော်မတီ ပိတ်သိမ်းမည့်နေ့ 05, Feb 2021 -
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
Agency: စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပိတ်သိမ်းမည့်နေ့ 14, Jan 2021 -
Local Assistant for Administration and Finance ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Agency: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပိတ်သိမ်းမည့်နေ့ 15, Nov 2020 -
-နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၂)(ဓာတ်ခွဲ) လစာနှုန်း(၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)ရာထူး (၄)နေရာခန့်ထားရန်ရှိပါသဖြင့် သတ်မှတ်အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင်ပါသည်
Agency: နေပြည်တော်စည်ပင်သာယာရေးကော်မတီ ပိတ်သိမ်းမည့်နေ့ 01, Oct 2020
ဆက်လက်ဖတ်ရှုရန်
အရေးပေါ်ဆက်သွယ်ရန်

ဆေးရုံများ
၀၁-၉၆၉၀၄၁၇ ၊ ၀၁-၉၆၉၉၄၂၂ ၊ ၀၁-၉၆၉၉၄၂၃ ၊ ၀၁-၉၆၉၉၄၂၄ ၊ ၀၁-၉၆၉၉၄၁၀ ၊ ၀၁-၉၆၉၀၂၉၅
၀၁-၂၂၁၄၁၃, ၀၁-၂၂၂၈၀၄, ၀၁-၂၂၂၈၀၅, ၀၁-၂၂၂၈၀၆
၀၁၃-၆၄၅၇၄၈ ၊ ၀၁၃ – ၆၄၅၇၅၆၊ ၀၁၃ – ၆၄၅၇၅၁
၀၂-၄၀၂၄၉၁၅ ၊ ၀၂-၄၀၂၄၉၁၆ ၊ ၀၂-၄၀၂၄၉၁၇

မီးသတ်
၁၉၁ ၊ ၀၆၇-၄၂၀၀၀၅ ၊ ၀၆၇-၄၂၅၅၄၀
၁၉၁ ၊ ၀၆၇-၅၀၀၁၁၉ ၊ ၀၉-၄၃၀၇၉၂၉၅
၁၉၁ ၊ ၀၂-၄၀၆၀၇၃၈ ၊ ၀၂-၄၀၂၁၀၈၂ ၊ ၀၂-၄၀၂၁၀၉၁

ရဲစခန်း

ရန်ကုန်-မန္တလေး အဝေးပြေးလမ်း ရဲစခန်း
၀၆၇-၈၁၀၀၀၈၇ ၊ ၀၉-၇၈၂၅၃၁၆၈၈ ၊ ၀၉-၇၈၄၁၃၂၇၁၃
၀၉-၄၂၀၈၈၈၈၀၅ ၊ ၀၉-၇၈၄၆၄၀၄၈၄ ၊ ၀၉-၇၈၄၆၄၀၄၈၅
၀၉-၄၂၀၈၈၈၈၀၆ ၊ ၀၉-၂၅၇၅၀၀၀၈၄ ၊ ၀၉-၇၉၃၂၀၅၇၂၉
၀၉-၄၂၀၈၈၈၈၃၀ ၊ ၀၉-၉၆၀၀၁၆၉၉၆ ၊ ၀၉-၇၈၉၉၁၁၀၇၀
၀၉-၄၂၀၈၈၈၈၀၇ ၊ ၀၉-၇၈၄၈၈၃၉၀၀ ၊ ၀၉-၉၆၁၁၈၇၇၃၃
၀၉-၄၂၀၈၈၈၈၀၉ ၊ ၀၉-၉၇၂၀၃၀၉၆၆ ၊ ၀၉-၇၈၂၉၃၁၆၉၅
၀၉-၄၂၀၈၈၈၈၁၀ ၊ ၀၉-၇၈၈၉၄၉၉၃၀ ၊ ၀၉-၇၈၈၉၄၉၉၄၀
၀၉-၄၂၀၈၈၈၈၁၁ ၊ ၀၉-၉၇၁၀၆၁၃၁၈ ၊ ၀၉-၇၈၄၈၇၄၆၉၆
၀၉-၄၂၀၈၈၈၈၄၇ ၊ ၀၉-၇၈၉၈၈၃၉၇၇ ၊ ၀၉-၉၆၃၀၁၈၅၇၈
၀၉-၄၂၀၈၈၈၈၁၂ ၊ ၀၉-၇၈၂၅၇၇၀၇၄ ၊ ၀၉-၆၃၀၁၃၂၄
၀၉-၄၂၀၈၈၈၈၆၀ ၊ ၀၉-၉၇၇၁၀၁၆၆၈ ၊ ၀၉-၇၈၄၁၃၂၆၃၃
၀၉-၄၂၀၈၈၈၈၁၄ ၊ ၀၉-၉၇၆၃၀၆၈၇၆ ၊ ၀၉-၇၈၄၄၁၃၀၈၄၇
၀၉-၄၂၀၈၈၈၈၁၅ ၊ ၀၉-၇၈၂၂၂၆၃၈၅ ၊ ၀၉-၉၇၉၀၃၃၅၇၄
၀၉-၄၂၀၈၈၈၈၁၆ ၊ ၀၉-၇၉၉၀၀၀၃၄၅ ၊ ၀၉-၉၇၂၁၅၀၀၁၀
၀၉-၄၂၀၈၈၈၈၁၇ ၊ ၀၉-၇၈၄၀၉၃၆၃၉ ၊ ၀၉-၇၈၄၁၀၄၉၇၇