ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပဲခူးမြို့ နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ခွဲရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေး စားသောက်ဖွယ်ရာများ ထောက်ပံ့

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပဲခူးမြို့ နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ခွဲရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေး စားသောက်ဖွယ်ရာများ ထောက်ပံ့

Ministry of Information/ naypyitaw / June 11, 2021
image_latest


နေပြည်တော် ဇွန် ၁၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဇွန် ၁၀ ရက် ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်မြေခံလုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖြစ်ပေါ် လာရသည့် အခြေအနေအသေးစိတ်နှင့် နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေ များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်နေမှုများ၊ ယခင်အစိုးရ၏ မဲမသမာမှုဖြစ်စဉ် များအရ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းများ စစ်ဆေးဆောင်ရွက် နေမှုနှင့် တွေ့ရှိရမှုများ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ယနေ့ကာလအထိ တပ်မတော်မှ နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားရှိစဉ်အတွင်း နိုင်ငံအတွင်းဆန္ဒပြမှု ဖြစ်စဉ်များ ဖြစ်ပွား ခဲ့ရာ အေးချမ်းစွာ ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူဆန္ဒပြခြင်း၊ ၎င်းမှ အကြမ်းဖက်ဖြစ်စဉ်များသို့ အသွင်ပြောင်းလာကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုများ၊ ဒဏ်ရာရရှိမှုများ၊ ဆူပူ အကြမ်းဖက်မှုဖြစ်စဉ်များမှ အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေမှုများ၊ နိုင်ငံတော် အတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရေးအတွက် လက်နက်စွဲကိုင်ပုန်ကန်လာမှုများ နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှုများကို တပ်ဖွဲ့ဝင်နှင့်မိသားစုများသို့ ချပြ ရှင်းလင်းသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လိုက်နာ စောင့်ထိန်း ရမည့် ကျင့်ဝတ်စည်းကမ်းများ၊ ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ တာဝန်ကျေပွန်စွာ ဆောင်ရွက်ရေး၊ မိမိတို့ တပ်ရင်း၊ တပ်ဖွဲ့ဂုဏ်သိက္ခာမကျဆင်းစေရေး တစ်ဦးချင်းတာဝန်ရှိပြီး အထက်အရာရှိများအနေဖြင့် တပ်ဖွဲ့အတွင်း မျှတစွာ ကွပ်ကဲအုပ် ချုပ်ရေး၊ တပ်ဖွဲ့အတွင်း မိသားစု များ စည်းလုံးညီညွတ်စွာ နေထိုင်၍ ပြင်ပမှ သွေးခွဲမှု၊ ကောလာဟလဝါဒဖြန့်ချိမှုများကို ဂရုပြု ဆင်ခြင်သတိထားလိုက်နာဆောင်ရွက်ရေးနှင့် မိသားစုများ၏ သက်သာချောင်ချိရေးကိစ္စရပ်များကို တာဝန်ရှိသူများမှ ပေါင်းစပ်ဆောင်ရွက် ပေးရေး တို့နှင့်စပ်လျဉ်း၍ အသေးစိတ်မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိ တပ်ဖွဲ့ဝင်နှင့် မိသားစု များအား အခြေခံစားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ မိသားစုများ၏ တင်ပြချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း