ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ

Ministry of Information/ naypyitaw / June 11, 2021
image_latest


နေပြည်တော် ဇွန် ၁၁ ရန်ကုန်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့မှူးများအား တွေ့ဆုံသည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးနှင့် အုပ်ချုပ် မှုအခြေအနေများကို တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် အုပ်ချုပ်ရေးမှူးများက မိမိတို့တာဝန်ယူဆောင်ရွက်နေ ကြသည့် နယ်မြေအခြေအနေ၊ တွေ့ကြုံရသည့် အခြေအနေအရပ်ရပ်နှင့် ဖြေရှင်းဆောင်ရွက်ပေးရမည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဌာနအနေဖြင့် ဖြေရှင်း ပေးနိုင်သည့် ကိစ္စရပ်များကို ချက်ချင်းပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရသည့် အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ် ဆောင်ရွက်နေမှုအခြေအနေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြို့နယ်အသီးသီးတွင် မဲစာရင်း များအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့အစည်းများဖြင့် ပွင့်လင်းမြင်သာစွာ စစ်ဆေးမှုနှင့် တွေ့ရှိရမှုအခြေ အနေ၊ နိုင်ငံတော် ဆန့်ကျင်ရေးကိုနည်းမျိုးစုံဖြင့် ဆောင်ရွက်နေသည့် အခြေအနေ၊ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်မျိုးဖြင့် ပြည်သူလူထုမရွေး၊ နေရာဒေသမရွေးတွင် အဖျက်အမှောက်လုပ်ငန်းများကို ဆောင်ရွက်နေမှုများနှင့် ထိုသို့ဆောင်ရွက်နေမှု များကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးလုပ်ငန်းတာဝန် (၃၂)ချက်ကို ကျေညက်စွာ သိရှိကြပြီး လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍသည် လူတစ်ဦး မွေးဖွားစဉ်မှ သေဆုံးသွားချိန်အထိ လိုအပ်ချက်နှင့် လုပ်ငန်းရပ်များကိုဆောင်ရွက် ပေးနေရသူအဖြစ် မြင့်မားစွာ ရပ်တည်နေကြသည်ကို ပြည်သူလူထု အနေဖြင့် သိမြင်နားလည်ကြရန် လိုအပ်ပါကြောင်း၊ လက်ရှိအချိန်ကာလအရ မိမိတို့၏တစ်ဦးချင်း လုံခြုံရေး၊ မိမိတာဝန်ယူထားရသည့် ရပ်ကွက်/ ကျေးရွာများ၏လုံခြုံရေးကို တာဝန်ရှိသူ အသီးသီးအနေဖြင့် (ရဲဘော်ရဲဘက်စိတ်)အပြည့်အဝဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်း အကြမ်းဖက်မှုဖြစ်စဉ်အချို့တွင် ဒဏ်ရာရရှိသေဆုံးခဲ့ကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ကျန်ရှိခဲ့ကြသည့် မိဘ/ဆွေမျိုး/သားသမီးများအား ထောက်ပံ့ ငွေပေးအပ်ပြီး အားပေးနှစ်သိမ့်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း