ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ကျင်းပ

ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ကျင်းပ

Ministry of Information/ naypyitaw / June 11, 2021
image_latest


နေပြည်တော် ဇွန် ၁၁ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ် သော ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်) ပဉ္စမနေ့ကို ၁၁-၆-၂၀၂၁ ရက်နေ့၌ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၁ ဌာနတို့တွင် စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၂၉၅၁၅ ပါး အနက် ၁၇၇၄၄ ပါး ဖြေဆိုကြသဖြင့် ၆၀ ဒဿမ ၁၂ ရာခိုင်နှုန်း ဖြေဆိုကြ ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။ (သတင်းစဉ်)



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း