ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

Ministry of Information/ naypyitaw / June 11, 2021
image_latest


 

နေပြည်တော် ဇွန် ၁၁

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ နှင့် အဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

 

တွေ့ဆုံပွဲစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားများ၏ စီးပွားရေး၊ လူမှုရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ် ပါကြောင်း၊ ငြိမ်းချမ်းရေး ရရှိမှသာ ဘက်စုံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် နောက်မဆုတ် ဘဲ ရှေ့ဆက်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ရရှိမှသာ တိုင်းရင်းသားများ ပညာရည်မြင့်မား လာပြီး လူမှုဘဝဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်း သားရေးရာကိစ္စရပ်များ ဆောင်ရွက် နိုင်ရန် အချိန်မရွေးလာရောက် ဆွေးနွေးနိုင်ပါ ကြောင်းနှင့် လိုအပ်ချက်များကိုလည်း တင်ပြ ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌက တိုင်းရင်းသား များ၏ လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားဒေသထုတ်ကုန်များ တိုးတက်ရေးနှင့် ငြိမ်းချမ်း ရေးတို့အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် လိုအပ်ချက်များကိုလည်း တင်ပြသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံတိုင်း ရင်းသားလုပ်ငန်းရှင်များအသင်း မှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အဖွဲ့တို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီး က လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း