ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျောက်ထားခြင်းဆိုင်ရာကိစ္စများ ကိုယ်စားလှယ်များ သတ်မှတ် ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျောက်ထားခြင်းဆိုင်ရာကိစ္စများ ကိုယ်စားလှယ်များ သတ်မှတ် ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ

Ministry of Information/ naypyitaw / June 11, 2021
image_latest


 

 

နေပြည်တော် ဇွန် ၁၁

 

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာကိစ္စများကို ကိုယ်စားဆောင်ရွက် ရမည့် ကိုယ်စားလှယ်များသတ်မှတ်ခြင်း နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း  ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဝန်ကြီးဌာနအနေဖြင့် မူပိုင်ခွင့်ဦးစီးဌာနကို အလေးထားပါကြောင်း၊ ဦးစီးဌာနအသစ်တစ်ခုအနေဖြင့် ရုံးအဆောက် အဦတွင်ရှိသင့်ရှိထိုက် သည့်အင်္ဂါရပ်များနှင့် ပြည့်စုံစေရေး၊ လူ့စွမ်းအားအရင်း အမြစ်ရရှိရေး နှင့် ပြုစုပျိုးထောင်ရေးတို့ကို ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီးက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့ စည်းထား ပြီဖြစ်ပါကြောင်း၊ ဗဟိုကော်မတီသို့ မူပိုင်ခွင့်ဆိုင်ရာဆောင်ရွက်မှုများကို တင်ပြနိုင် ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့် ဥပဒေ(၄)ရပ်ကို အကောင်အထည်ဖော်ရာ တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ဦးစွာဆောင်ရွက်ပြီး လျာထားသည့်အစီအစဉ် အလိုက် ဥပဒေတစ်ရပ်ချင်းစီကို အာဏာသက်ရောက်စေပြီး အကောင်အထည်ဖော် သွားရ မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ် ခြင်း (Soft Opening)ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၁) ရက်တွင် စတင်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ပထမအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက် ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုး ဆောင်အဖွဲ့များမှတစ်ဆင့် သတ်မှတ်ထားသည့် အီလက်ထရောနစ်နည်းဖြင့် လျောက်ထားနိုင် ပါကြောင်း၊ အီလက်ထရောနစ်ဖြင့် User Account ယူခဲ့သော ကိုယ်စားလှယ်အရေအတွက်မှာ (၆၀၂) ဦး ရှိသော်လည်း မှတ်ပုံတင်လျှောက်ထားမှုများကို ဆောင်ရွက်နေသော ကိုယ်စားလှယ် (၄၁၁) ဦးသာ ရှိပါကြောင်း၊ Account များတစ်ဆင့် တင်သွင်းလာသော လျှောက်လွှာ အရေအတွက်မှာ (၃၀၀၀၀) ကျော်ရှိပြီး Pending Status ဖြစ်နေသည့် လျှောက်ထားချက် များလည်းရှိပါကြောင်း၊ အမှတ်တံဆိပ် ပိုင်ရှင်များကိုယ်တိုင် (သို့မဟုတ်) ၎င်း၏ ကိုယ်စား လှယ်က မူပိုင်ခွင့် ဦးစီးဌာနသို့ လာရောက် လျှောက်ထား နိုင်ရေးကို ဒုတိယအဆင့်တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့မဆောင်ရွက်မီ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ “ကိုယ်စားလှယ်” သတ်မှတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များ ကိုတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

 

 (သတင်းစဉ်)


 

 



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း