သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Ministry of Information/ naypyitaw / June 11, 2021
image_latest


 

 


နေပြည်တော် ဇွန် ၁၁

 

ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အကြပ်အတည်းမှ ပြန်လည်ရုန်း ထနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာစေရန် အဓိက အားထားရမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမကဏ္ဍများ အနေဖြင့် ပါဝင်သူအား လုံး၏ အင်အားကို ရယူအသုံးချ နိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်သည့် ချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်နိုင်ရေးနှင့် ရရှိထားသောချေးငွေ များကို အလေအလွင့်မရှိ ထိရောက်စွာအသုံးချရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း  ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၆)တွင် ကျင်းပသည့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေ ကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

 

သမဝါယမဦးစီးဌာနအနေဖြင့် ယနေ့ထိ သမဝါယမအသင်းသားပြည်သူ (၄ ဒသမ ၂)သန်း ကျော် ပါဝင်သည့် သမဝါယမအသင်းပေါင်း(၃၉၃၉၉)သင်း ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်ထုတ်သမဝါယမအသင်း ၈၁ ရာခိုင်နှုန်း ၊ ကုန်သွယ်မှု သမဝါယမအသင်း ၈ ရာခိုင်နှုန်း နှင့် ဝန်ဆောင်မှုသမဝါယမအသင်း ၁၁ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်း ထားရှိရာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသော သမဝါယမအသင်း ၈၀ ရာခိုင်နှုန်းကျော် ပါဝင်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ EXIM Bank ၏ ချေးငွေ အမေရိကန် ဒေါ်လာ သန်း(၄၀၀) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခု၊ မြို့နယ် (၂၆၂) မြို့နယ်၊ အသင်းပေါင်း (၂၅၄၉၆) သင်းမှ အသင်းသားဦးရေ   (၁ ဒသမ ၇)သန်း ကို ကူညီပံ့ပိုးပေး လျက် ရှိရာ ၎င်းတို့၏ အစု ကျပ် (၈ ဒသမ ၅၉၃) ဘီလီယံနှင့် စုဆောင်းငွေ ကျပ်(၂၀၉ ဒသမ ၅၀၁) ဘီလီယံ အပါအဝင် ပံ့ပိုးချေးငွေ ကျပ် (၁၆၆ ဒသမ ၉၂၁) ဘီလံယံ စုစုပေါင်း ချေးငွေ (၃၈၅ ဒသမ ၀၁၆) ဘီလီယံကို စိုက်ပျိုး ရေးစရိတ် ချေးငွေ ၊ မွေးမြူရေး ချေးငွေ၊ အသေးစားစက်မှု လက်မှု လုပ်ငန်း ချေးငွေ၊ သွင်းအားစု ချေးငွေ၊  အသင်းဆင့်မြှင့် တင်ရေးချေးငွေ၊ မျိုးစေ့ထုတ် လုပ်ရေး ချေးငွေ၊ HP ချေးငွေ၊ လယ်ယာ မြေ အဆင့်မြှင့် တင်ရေးချေးငွေ၊ လယ်ယာ ဝန်ဆောင် ချေးငွေများအဖြစ် ထုတ်ချေး ဆောင်ရွက်လျက်ရှိကြောင်း သိသည်။

 


ချေးငွေ ကြီးကြပ်မှု ဗဟိုကော်မတီကို ပြည်ထောင်စုဝန်ကြီး က ဦးဆောင် ၍ ဒုတိယဝန်ကြီး ဦးဆောင်သော ချေးငွေကြီးကြပ်မှု ဗဟိုအဆင့်လုပ်ငန်း ကော်မတီ ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့် ချေးငွေကြီးကြပ်မှု လုပ်ငန်းကော် မတီ၊ မြို့နယ် အဆင့် ချေးငွေကြီးကြပ်မှု လုပ်ငန်းကော်မတီအဆင့်ဆင့် တို့ဖွဲ့စည်း ပြီး ထုတ်ချေး ဆောင်ရွက်လျက်ရှိသည့်အတွက် သမဝါယမဦးစီးဌာန နှင့် အသင်း အဆင့်ဆင့်တို့မှ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ကြီးကြပ် ကောက်ခံ ဆောင်ရွက် လျက်ရှိသည်။

 


အလားတူ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး အတွက် အမေရိကန် ဒေါ်လာသန်း(၁၀၀)နှင့် ညီမျှသော ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံး ပစ္စည်းများ အပါအဝင် စက်ကိရိယာများကို တောင်သူလယ်သမား များ အား ကြိုက်ရောင်း ကြိုက်ဝယ် ကာလရှည် အရစ်ကျစနစ်ဖြင့် ရောင်းချဖြန့် ဖြူး ပေးခဲ့ရာ အမေရိကန်ဒေါ်လာသန်း (၁၀၀) တန်ဖိုးရှိ Daedong လယ်ယာသုံး စက်ကိရိယာ (၄၄၁၆)စီးတွင် (၃၉၃၈)စီး ရောင်းချနိုင်ခဲ့ပြီး ကျန်ရှိစီးရေ (၄၇၈)စီး နှင့်ဆက်စပ်ပစ္စည်း(၆၄၅)ခု ကို ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

 

(သတင်းစဉ်)

 



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း