ရာသီဥတုညွှန်းကိန်းသီးနှံအာမခံ

ရာသီဥတုညွှန်းကိန်းသီးနှံအာမခံ


Ministry of Planning and Finance / August 19, 2024

 

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် သီးနှံစိုက်ပျိုးမည့် လယ်ယာမြေများ အာမခံ ထားရှိနိုင်ပါသည်။

 

ဝန်ဆောင်ခ

မိုးစပါး ၁ ဧကအတွက် ကျသင့်ပရီမီယံ ကျပ် ၃,၀၀၀/- ဖြစ်ပါသည်။ မိုးစပါး (၁) ဧကအတွက် အာမခံထားငွေ ကျပ် (၁၅၀,၀၀၀/-) နှုန်းဖြင့် မိမိချေးငွေ ထုတ်ယူသည့်ဧကအလိုက် အာမခံ ဝယ်ယူနိုင်ပါသည်။

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံပေးသွင်းခြင်း

အဆင့်-၃

အာမခံလက်မှတ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံ လက်ခံခြင်းအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများသို့ သွားရောက်၍ အဆိုလွှာလက်ခံခြင်း၊ ပရီမီယံလက်ခံခြင်းနှင့် အာမခံလက်မှတ်ထုတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
  • အာမခံသက်တမ်းအတွင်း မြန်မာပြည် (အထက်ပိုင်း) တွင် သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းများအောက် လျော့နည်း၍ မိုးရွာသွန်းခြင်းနှင့် ရေကြီးနစ်မြုပ် ပျက်စီးခြင်းများအတွက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး မြန်မာပြည် (အောက်ပိုင်း) တွင် သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းများထက် ကျော်လွန်၍ မိုးရွာသွန်း ခြင်းနှင့် ရေကြီးနစ်မြုပ်ပျက်စီးခြင်းများအတွက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ သတ်မှတ်မိုးရေချိန်ထက်လျော့နည်း/ကျော်လွန်ခြင်း

  • အကျိုးခံစားခွင့်လျှောက်လွှာပုံစံ
  • အာမခံလက်မှတ်မူရင်း
  • ပရီမီယံ/အာမခံကြေးပေးသွင်းသည့်ပြေစာ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၂။ ရေကြီးနစ်မြုပ်ပျက်စီးခြင်း

  • အကျိုးခံစားခွင့်လျှောက်လွှာပုံစံ
  • အာမခံလက်မှတ်မူရင်း
  • ပရီမီယံ/အာမခံကြေးပေးသွင်းသည့်ပြေစာ
  • စိုက်ပျိုးရေးနှင့်မွေးမြူရေးကြီးကြပ်မှုကော်မတီ၏ရေကြီးနစ်မြုပ်ပျက်စီးကြောင်းအတည်ပြုချက်
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ



Services (Online) - 1 items Explore more

သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း

Ministry of Planning and Finance / August 16, 2024

သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...

Rating
HOT NEWS
January 4,