မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်စတူဒီယိုနှင့် ရုပ်ရှင် အတတ်ပညာ သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ - မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်စတူဒီယိုနှင့် ရုပ်ရှင် အတတ်ပညာ သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်စတူဒီယိုနှင့် ရုပ်ရှင် အတတ်ပညာ သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 02, 2018
မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်စတူဒီယိုနှင့် ရုပ်ရှင် အတတ်ပညာ သင်တန်းကျောင်း ပေါ်ပေါက်ရေးဆောင်ရွက်နိုင်မည့် အစီအမံနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က မြန်မာ့ရုပ် ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်တွင် ရုပ်ရှင်စတူဒီယိုနှင့် ရုပ်ရှင် အတတ် ပညာ သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန်အတွက် လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ရုပ်ရှင် အတတ်ပညာ သင်တန်းကျောင်းနှင့် ရုပ်ရှင်စတူဒီယိုများ ပေါ်ပေါက်လာရေးအတွက် လိုအပ်သည် များ အကြံပြုဆွေးနွေး တင်ပြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အမှတ်(၅၀) ရွှေတောင်ကြား လမ်းရှိ ရုပ်ရှင်မြှင့်တင် ရေးဌာနခွဲတွင် စတူဒီယို(၁) အဆောက် အအုံ ပြုပြင်မွမ်းမံပြီးစီးမှုနှင့် ၎င်းတွင် ဆက်လက်ဆောင် ရွက် မည့် အစီအမံများ၊ ၎င်းနေရာဝင်းအတွင်း စတူဒီယို (၂)နှင့် Outdoor ရိုက်ကွင်းနေရာ များအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲတွင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ အပါအဝင် ပုဂ္ဂလိကများနှင့် ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ရုပ်ရှင်အနုပညာ၊ အတတ်ပညာ ဆိုင်ရာ သင်တန်းများ၊ ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည့် သင်တန်းများနှင့် ပြည်တွင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော အစိုးရနှင့် ပုဂ္ဂလိက ရုပ်ရှင် အနုပညာ၊ အတတ်ပညာဆိုင်ရာ သင်တန်းကျောင်းများ အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်း မောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့က ရုပ်ရှင် စတူဒီယိုနှင့် ရုပ်ရှင်အတတ်ပညာ သင်တန်းကျောင်း တည်ထောင် ဖွင့်လှစ်နိုင်ရေး ကူညီဆောင် ရွက်ပေးမည့်အခြေအနေများနှင့် စပ်လျဉ်း ၍ ဆွေးနွေးကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက် ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ရှင်းလင်း ဆွေးနွေးကြ သည်။
ရှင်းလင်းဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နေပြည်တော်တွင် ရုပ်ရှင်ရိုက်ကူးရေးစတူဒီယိုနှင့် သင်တန်းကျောင်း တည်ထောင် ဖွင့်လှစ်နိုင်ရန်အတွက် ရုပ်ရှင် လောကမှ တက်ကျွမ်းနားလည် သူများအပါအဝင် အခြားဖိတ်ကြားသင့်သူများ ပါဝင်သည့် အစည်းအဝေး တစ်ခု ထပ်မံဖိတ်ကြား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယ အမြဲတမ်း အတွင်းဝန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။(သတင်းစဉ်)
