သတင်း

နောက်ဆုံးရသတင်းများ - ၁၀၃၇၀၆ ခု

Image
စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ ဆေးသမားကြီးကျေးရွာ​နေ ဒေါ်တင်နီရွှေ (ခေါ် ) နန်ရောင်စောရတို့၏ ပြောကြားချက်များ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 26, 2026

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ စစ်တွေမြို့ ဆေးသမားကြီးကျေးရွာ​နေ ဒေါ်တင်နီရွှေ (ခေါ် ) နန်ရောင်စောရတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်။

Image
ပညာရေးကဏ္ဍမှာ အာရှနိုင်ငံတွေနဲ့ရင်ပေါင်တန်းပြီး လူငယ်တွေရဲ့ စွမ်းဆောင်ရည်မြင့်မားမှုကနေ လူငယ်တွေရဲ့ အနာဂတ်ကို ပိုပြီးတိုးတက်ကောင်းမွန်ဖို့ ဖော်ဆောင်ပေးနိုင်မယ့် အစိုးရသစ်တစ်ရပ်ကိုလည်း မျှော်လင့်ထားပါတယ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 26, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၌ ဆက်လက်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှ စတင်၍ သတ်မှတ်မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

Image
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေမှု နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာသံရုံးများ လေ့လာကြည့်ရှု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 26, 2026

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ တာဝန်ရှိသူများသည် ယနေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေသည့် ရန်ကုန်မြို့ရှိ မဲရုံများသို့ သွားရောက်၍ မဲရုံမှူးများ၊ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆွေးနွေးလေ့လာစောင့်ကြည့်မှုများ ပြုလုပ်ကြသည်။

Image
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ညောင်ရွှေမြို့နယ်မှ ဒေသခံလူငယ်များ၏ စကားသံများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 26, 2026

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မြန်မာနိုင်ငံရှိ မြို့နယ် ၆၁ မြို့နယ်၌ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပရာ မြို့နယ်များဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်မှ ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အမြင်သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။

Image
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ဆက်လက်ကျင်းပ မဲဆန္ဒရှင်ပြည်သူများက စိတ်အားထက်သန်စွာ ဆန္ဒမဲပေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 26, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နှင့် ရွေးကောက်ပွဲအပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တို့တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၃) ကို ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။

Image
သဘောထားထုတ်ပြန်ကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 26, 2026

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားကိုထိပါးစေပြီး နိုင်ငံတကာအမြင်တွင် အထင်အမြင်လွဲမှားစေသည့် လုပ်ကြံစွပ်စွဲမှုများအား ကန့်ကွက်ရှုတ်ချအပ်ပါသည်။

Image
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 26, 2026

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ မန္တလေးတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။

Image
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 26, 2026

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

Image
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များ ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 26, 2026

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့က ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့များမှ ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှုလျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

Image
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်မြို့ရှိ မြန်မာ့ရုပ်မြင်သံကြားတွင် ဌာနနှင့် ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်နေသော မီဒီယာလုပ်ငန်းများ ကြည့်ရှုအားပေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 26, 2026

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဌာနနှင့် ပုဂ္ဂလိကတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မီဒီယာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။