ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး အိမ်တွင်းဖြစ် ပိတ်စ နှာခေါင်းစည်း (Mask)ချုပ်လုပ်မှုပြိုင်ပွဲတွင် ဆုရရှိသူအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆုပစ္စည်းများပေးအပ်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး အိမ်တွင်းဖြစ် ပိတ်စ နှာခေါင်းစည်း (Mask)ချုပ်လုပ်မှုပြိုင်ပွဲတွင် ဆုရရှိသူအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆုပစ္စည်းများပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန/ မကွေးတိုင်းဒေသကြီး / July 01, 2020
image_latest


မကွေး  ဇူလိုင်  ၁

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း (Mask)ချုပ်လုပ်မှု ပြိုင်ပွဲတွင် ပြည်သူအနှစ်သက်ဆုံးဆု၊ တတိယ ဆုရရှိသူအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ချီးမြှင့်သည့် ဂုဏ်ပြုဆုပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို  ယနေ့ နံနက် ၉  နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (အောက်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက နိုင်ငံတော်အစိုးရအနေဖြင့် Corona Virus Disease Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်း ပါဝင်မှု အားဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် (Mask)ချုပ်လုပ်မှုပြိုင်ပွဲတွင် ပြည်သူအနှစ်သက်ဆုံးဆု တတိယဆုရရှိအပေါ် ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း(Mask)ချုပ်လုပ်မှုပြိုင်ပွဲတွင် ပြည်သူအနှစ်သက်ဆုံးဆု တတိယ ဆုရရှိသူ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ တမာပင်ရပ်ကွက်မှ ဒေါ်ဝေဝေအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)



ဓာတ်ပုံနှင့် ဗီဒီယိုများ