ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းရာထူးနေရာ လျှောက်လွှာခေါ်ယူခြင်း
နောက်ဆုံးရသတင်းများ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on January 25, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သည့်အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေးကြိုတင် ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင်ပရဟိတ အဖွဲ့နှင့် ပြည်သူလူထုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။ Source: DDM
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on January 23, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃-၁-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သည့်အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင်ပရဟိတအဖွဲ့နှင့် ပြည်သူလူထုများပူးပေါင်း၍ ဆောင်ရွက်ခြင်း၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများပြုလုပ်ပေးခဲ့ပြီး နေအိမ်အားမွမ်းမံပြင်ဆင်ပေးမှုနှင့်စပ်လျဉ်း၍ ကျေးရွာရပ်မိရပ်ဖ (၁) ဦးမှ online ဖြင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ Source: DDM
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on February 03, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃.၂.၂၀၂၅)ရက်နေ့တွင်လပွတ္တာမြို့နယ်၊ အ.ထ.က(၁)၊ သင်တန်းခန်းမ၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် စဥ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်(၂၆)မြို့နယ်၊မြို့နယ်အဆင့်ဆင့်ပွားသင်တန်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သောအကြောင်းအရာများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား အသိပညာပေးဆွေးနွေးပို့ချခဲ့ပါသည်။ Source: DDM
သတင်းစာများ
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းရာထူးနေရာ လျှောက်လွှာခေါ်ယူခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / November 28, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
နေပြည်တော်
လျှောက်လွှာခေါ်ယူခြင်း
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် အောက်ဖော်ပြပါ ရာထူးနေရာများ လစ်လပ်လျက်ရှိပါသည်-
(က) အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ)ရာထူး လစ်လပ်(၄၃)နေရာ
(လစာနှုန်းကျပ်၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)
( ခ) အငယ်တန်းအင်ဂျင်နီယာ-၄(မြို့ပြ)ရာထူး လစ်လပ်(၃၀)နေရာ
(လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ)ရာထူးအတွက် (၃၁-၁၂-၂၀၂၄) ရက်နေ့တွင် အသက် (၃၂)နှစ်နှင့် အငယ်တန်းအင်ဂျင်နီယာ-၄ (မြို့ပြ)ရာထူးအတွက် (၃၁-၁၂-၂၀၂၄) ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူ၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ် ထက်မကျော်လွန်သူဖြစ်ရမည်။
( ဂ ) အငယ်တန်းအင်ဂျင်နီယာ-၃ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့တစ်ခုခု ရရှိသူ ဖြစ်ရမည်။
(ဃ) အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့/ ဒီပလိုမာ တစ်ခုခုရရှိသူဖြစ်ရမည်။
( င ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
( စ ) ဌာနတွင် အနည်းဆုံး(၃)နှစ် ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(ဆ) ဒေသခံများအားဦးစားပေးစဉ်းစားမည်၊ ဝေးလံဒေသများအတွက် အသက် သတ်မှတ် ချက်အား လျှော့ပေါ့စဉ်းစားမည်။
( ဇ ) အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီး ဌာန နှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။
(ဈ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal)သည့် ပြစ်ဒဏ်နှင့် ရာထူးမှထုတ်ပယ် (Removal) သည့်ပြစ်ဒဏ်ချမှတ်ခံထားရသူများ လျှောက်ထားခွင့် မရှိပါ။
၃။ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဝန်ထမ်းသစ်ဖြည့်တင်း ခန့်ထားမည့် ဒေသများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Website www.mcrd.gov.mm နှင့် သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ဖော်ပြကြော်ငြာထားမည်ဖြစ်ပါသည်။
၄။ လျှောက်လွှာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာ၊ ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ မိဘအမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်နှင့် ၎င်းတို့၏ အလုပ်အကိုင်၊ ဝန်ထမ်းဖြစ်လျှင် လက်ရှိရာထူး၊ လစာနှုန်းနှင့် ဌာနအမည်၊ ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့် အလုပ်သမား ရုံးအမည်၊ ဆက်သွယ်ရန်လိပ်စာ၊ ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ်၊ အမြဲတမ်းလိပ်စာ အပြည့်အစုံ တို့ကို ဖော်ပြရမည်။
၅။ လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊
( ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊
(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)
( ဂ ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်းကို သက်ဆိုင်ရာရပ်ကွက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်ခံချက် မူရင်း၊ (လွန်ခဲ့သော(၁)လအတွင်း)(ဝန်ထမ်းများ အတွက်ကိုယ်တိုင်ဝန်ခံချက်၊ ဌာန ထောက်ခံချက်)
(ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊
( င ) ကျန်းမာကြောင်းဆေးထောက်ခံစာ(လွန်ခဲ့သော (၁)ပတ်အတွင်း)
( စ ) ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ (လွန်ခဲ့သော(၁)လခန့်အတွင်း)။
၆။ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)အတွက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ်(၃၆)(B)၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ရုံးများနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်ကျေးလက်ရုံးများအတွက် သက်ဆိုင်ရာကျေးလက်ဦးစီးဌာနရုံးများသို့ (၃၁-၁၂-၂၀၂၄)ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာပေးပို့ရမည်။
၇။ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်ရသည့် ဌာန ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်သို့ (၃၁-၁၂-၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။
(ကြိုတင်လျှောက်လွှာ(၁)စောင်ကိုရေးဖြေဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။)
၈။ ရေးဖြေစာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြုလုပ်မည်ဖြစ်ရာ ဖြေဆိုလိုသည့်တိုင်းဒေသကြီး/ပြည်နယ်အား လျှောက်လွှာတွင် ထင်ရှားစွာဖော်ပြရန်ဖြစ်ပါသည်။ စာမေးပွဲကျင်းပမည့် နေ့ရက်၊ နေရာနှင့်အချိန်တို့ကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ကြိုတင်ကြေညာ ပါမည်။
၉။ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက် အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တယ်လီဖုန်းနံပါတ် ၊ ၀၆၇-၄၁၈၆၀၉၊ ၀၆၇-၄၁၈၆၁၂နှင့် တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။