နောက်ဆုံးရသတင်းများ

တန့်ယန်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 19, 2026

တန့်ယန်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

ဘားအံမြို့၌ မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်းနှင့် ဘာသာရပ်ဆိုင်ရာအရည်အသွေးမြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 19, 2026

နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်သည်။

ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒေသအကျိုးပြု လက်တွေ့အသုံးချသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြား

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန / Posted on May 18, 2026

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းသည် ၂၀၂၆ ခုနှစ်၊ မေလ (၁၅) ရက်နေ့မှ (၁၈) ရက်နေ့အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာတက္ကသိုလ်နှင့် ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယဝန်ကြီးက ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် တက္ကသိုလ်နှင့် ကျောင်းများ၏ သင်ကြားသင်ယူမှုစနစ်များ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်စေရေးအတွက် ဒေသတွင်း ပညာရေးစံနှုန်းများနှင့်အညီ အလေးထား ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ခေတ်မီဆန်းသစ်သည့် ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တု (AI) နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက် သွားရန်နှင့် နိုင်ငံတော်အတွက် လက်တွေ့အကျိုးပြုမည့် နည်းပညာဆိုင်ရာ

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန/ နေပြည်တော် / May 19, 2026
image_latest


၁။         ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) ဘက်စုံအဆင့်မြှင့်တင်နိုင်ရန်အတွက် ကျေးရွာအတွင်းရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများသို့ အောက်ဖော်ပြပါလုပ်ငန်းများကို နှစ်တို/ နှစ်ရှည်ငှားရမ်းခြင်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်-

(က)    တိုင်းရင်းသားရိုးရာအစားအသောက်များ ရောင်းချနိုင်ရန်အတွက် မြေငှားရမ်းခြင်း၊

( ခ )    ဖျော်ဖြေမှု (Emtertaoment) နှင့် အပန်းဖြေဥယျာဉ် (Amusement Park) အတွက်  မြေငှားရမ်းခြင်း၊

( ဂ )    အားကစားဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြေငှားရမ်းခြင်း၊

(ဃ)    Shopping Center နှင့် နားနေဆောင်များအတွက် မြေငှားရမ်းခြင်း၊

( င )    ပြည်ထောင်စုခန်းမ အဆောက်အဦအား ငှားရမ်းခြင်း၊

( စ )    အထက်ဖော်ပြပါလုပ်ငန်းများအပြင် သီးခြားဆောင်ရွက်လိုသော လုပ်ငန်းများအတွက် မြေ/ အဆောက်အဦ ငှားရမ်းခြင်း။

၂။       ပထမအဆင့်အနေဖြင့် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသည် စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာ (Expression of Interest - EOI) အား ဥက္ကဋ္ဌ၊ တင်ဒါကော်မတီ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်သို့ လိပ်မူ၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့၊ ညနေ (၁၆:၀၀)နာရီ (မြန်မာစံတော်ချိန်) အရောက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပါသည်။

၃။      စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest - EOI) ပုံစံနှင့် လမ်းညွှန်ချက်များအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားလူမှုဘဝမြှင့်တင်ရေးဌာနခွဲ၊ ရုံးအမှတ် (၁၄)၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တို့တွင် (၂၅-၅-၂၀၂၆)ရက်နေ့မှစတင်၍ လာရောက်ဝယ်ယူနိုင်ပါသည်။ ဝယ်ယူသည့်အခါ မိမိတို့၏ အောက်ပါကုမ္ပဏီဆိုင်ရာအထောက်အထားများ မူရင်းနှင့်မိတ္တူတို့ကို ပြသရမည်ဖြစ်ပါသည်-

(က)    သက်တမ်းရှိပြီးဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

(ခ)     ကုမ္ပဏီ၏ ဖွဲ့စည်းပုံစည်းမျဉ်း

                    (အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၆၇-၃၄၀၉၃၁၅, ၀၆၇-၃၄၀၉၃၁၇, ၀၉- ၈၉၉၉၃၅၂၆၆)

 

 

                                         တင်ဒါကော်မတီ

   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

 

 

 

 

 

 

 

Download ရယူရန်

ဗီဒီယိုများ