ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
နောက်ဆုံးရသတင်းများ
ပြည်ထဲရေးဝန်ကြီးဌာန / Posted on November 07, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဒေါနခြံရပ်ကွက်၌ လုံးပတ် ၈ ပေ၊ အမြင့် ၈၀ ပေခန့်ရှိ တရုတ်မန်ကျည်းပင်သည် မြေပွ၍ အမြစ်မခိုင်ဘဲ လဲကျနေကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်မီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန / Posted on November 07, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုး မြို့နယ်၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ပြီး သွေးလှူဒါန်းသူ ဝန်ထမ်း ၁၇ ဦးအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန / Posted on November 07, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ် မြို့နယ်၊ ပရိယတ္တိကျောင်းကြီးစာသင်တိုက်၌ (၇၈)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း မဟာ ဘုံကထိန်ပွဲနှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များနှင့်အတူ သံဃာတော်အရှင်သူမြတ်များအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 06, 2025
