ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
နောက်ဆုံးရသတင်းများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 23, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 23, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 23, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 23, 2025

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ပြည်ပရောက်မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) များ ထုတ်ယူပေးပို့နိုင်မည့်နေ့ရက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၁ - ၈ - ၂၀၂၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၂/၂၀၂၅ ) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၅-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၀/၂၀၂၅)၊ (၅၁/၂၀၂၅)၊ (၅၂/၂၀၂၅) နှင့် (၅၃/၂၀၂၅) တို့ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၃၃၀ ပါဝင်သော မဲဆန္ဒနယ်များကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ကြိုတင်ဆန္ဒမဲပေးလိုသည့် ပြည်ပရောက်မဲဆန္ဒရှင်တိုင်းသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးနိုင်ရေး ပုံစံ (၁၅) တောင်းဆိုရာတွင် သတ်မှတ်ကာလ ၂၁-၈-၂၀၂၅ ရက်နေ့မှ ၈-၉-၂၀၂၅ ရက်နေ့အတွင်း မိမိနှင့်သက်ဆိုင်သည့် မြို့နယ်အတွက် ပုံစံ (၁၅) ဖြင့် တောင်းဆိုနိုင်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်