မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း
နောက်ဆုံးရသတင်းများ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 15, 2025
ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ကယားတိုင်းရင်းသားများအတွက် မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော ကယားပြည်နယ်နေ့ဖြစ်ပါသည်။ ယခုကဲ့သို့ နှစ်သစ်ကူးအခါသမယတွင် ကျရောက်သည့် ကယားပြည်နယ်နေ့၌ ကယားတိုင်းရင်းသားများနှင့် ပြည်ထောင်စုဖွား မိဘပြည်သူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 15, 2025
ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံဖြစ်တည်မှု ပထဝီမြေအနေအထားအရ နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်သည် ခေတ်အဆက်ဆက်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို တစိုက်မတ်မတ် တာဝန်ထမ်းဆောင်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 15, 2025
ဥပဒေဆိုသည်မှာ အများပြည်သူတို့ လိုက်နာရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြဋ္ဌာန်းထားသည့်စည်းမျဉ်းဟူ၍ ဖွင့်ဆိုထားသည်။ သာမန်စည်းမျဉ်းစည်းကမ်းများနှင့် မတူသည့်အချက်မှာ ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်မှု၊ ဖောက်ဖျက်ကျူးလွန်မှုတို့အတွက် ပြစ်ဒဏ်များ ပါရှိနေခြင်းပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို နိုင်ငံသူ နိုင်ငံသားအားလုံးတို့သာမက ယင်းနိုင်ငံ၏ နယ်နိမိတ်အတွင်းရောက်ရှိနေကြသည့် နိုင်ငံသားမဟုတ်သူများပါ လေးစားလိုက်နာကြရသည်။
သတင်းစာများ
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Downloadမြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်/ နေပြည်တော် / January 14, 2025
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ မဖြစ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြား ငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲကောင်တာများတွင် ရောင်းချခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။