နောက်ဆုံးရသတင်းများ

စားကုန်သောက်ကုန်ကိုအခြေခံသော ကုန်ထုတ်လုပ်မှုကြီးမားသည့် MSME များ တိုးတက်ပြောင်းလဲနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 22, 2025

စားကုန်သောက်ကုန်ကို အခြေခံသော ကုန်ထုတ်လုပ်မှုကြီးမားသည့် MSME များ တိုးတက်ပြောင်းလဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံသစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၈) ကျောင်းဆင်းစစ်ရေးပြအခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 22, 2025

ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံ သစ်တောကျောင်း (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၈) ကျောင်းဆင်းစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် စည်းကမ်းချက်များဆိုင်ရာဆွေးနွေးပွဲ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ ရန်ကုန်တက္ကသိုလ်၊ မင်းဓမ္မပညာ့ရိပ်သာအိမ်ရာနှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 22, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ ချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများအတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းတက်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / November 20, 2025


   ကလေးသူငယ်များသည် နိုင်ငံ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးအပါဆုံး အခန်းကဏ္ဍ၌ ပါဝင်သူများဖြစ်ရာ ၎င်းတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ရန် လိုအပ်ပါသည်။ ယင်းလိုအပ်ချက်ကို ကမ္ဘာက အသိအမှတ်ပြုသည့်အနေဖြင့် ၁၉၅၉ ခုနှစ်တွင် ကုလသမဂ္ဂက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကြေညာစာတမ်း (Declaration of the Rights of the Child) ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၌ ကုလသမဂ္ဂအထွေထွေညီလာခံက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) ကို အတည်ပြုခဲ့ရာ ယင်းသဘောတူစာချုပ်မှာ အဖွဲ့ဝင်နိုင်ငံအများဆုံးလူ့ အခွင့်အရေးဆိုင်ရာစာချုပ်ကြီးတစ်ခုဖြစ်ပါသည်။ အဆိုပါစာချုပ် အတည်ပြုခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့ (World Children’s Day) ဟု သတ်မှတ်ခဲ့ပြီး ယနေ့တွင် (၃၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

   မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့သည့် အားလျော်စွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ကလေးသူငယ်များအား ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာ အခွင့်အရေးများကို အညီအမျှ ခံစားခွင့် ရရှိစေရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် ကလေးသူငယ်များ၏ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆက်ဆံခွင့်ရရှိရေးတို့အတွက် အခွင့်အရေးများရှိကြောင်း နိုင်ငံတော်က အသိအမှတ်ပြုသကဲ့သို့ ဥပဒေပါ ကလေးသူငယ်အခွင့် အရေးများကို တန်းတူညီမျှစွာ ရရှိခံစားခွင့်ရှိသည်ဟု ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်) တွင် ပြဋ္ဌာန်းထားပါသည်။

   ကလေးသူငယ်များသည် အနာဂတ်အတွက် တန်ဖိုးရှိသော ရတနာများဖြစ်ရာ ၎င်းတို့၏ အခွင့်အရေးများကို ရရှိခံစားစေခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်များဘဝ ဖွံ့ဖြိုးရေးတို့တွင် ကလေးသူငယ်များ ကိုယ်တိုင်ဖော်ဆောင်နိုင်ကြမည်ဖြစ်ပါသည်။ ကလေးသူငယ်အခွင့်အရေးများကို သိရှိနိုင်ရေးနှင့် လက်လှမ်းမီတန်းတူညီမျှရရှိရေးတို့ကို အလေးအနက်ထား၍ ဂရုပြုဆောင်ရွက်ပေးရမည်ဖြစ်ရာ နိုင်ငံတော်ကလည်း ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အဓိက လုပ်ငန်းတာဝန် နှစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်‌စောင့်ရှောက်ရေး လုပ်ငန်းတို့ကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာတွင် အများပြည်သူအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အခြေခံပညာ ဆရာ/ဆရာမများအား ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများကို အသိပညာပေးခြင်း၊ စာအုပ်စာတမ်းများ ဖြန့်ဝေခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကလေးသူငယ်အားလုံးကို တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့် အကာအကွယ်တို့ကို တန်းတူညီမျှ ရရှိစေရန် ကလေးပြုစုစောင့်ရှောက်ရေးဂေဟာများ၊ လူငယ်သင်တန်းကျောင်းများ၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး စစ်ဆေးတွေ့ရှိမှုအပေါ် အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။

   အတွေးအမြင်သစ်များဖြင့် တည်ငြိမ်‌အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာကြီးကို ပုံဖော် နိုင်သည့် ကလေးသူငယ်များ၏ အရေးပါမှုကို သတိပြုလျက် ယခု ၂၀၂၅ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော “Listen to children: my day, my rights” (နေ့စဉ်အခွင့်အရေးများ မြှင့်တင်ရေး ကလေးများအသံ နားထောင်ပေး) နှင့်အညီ ကလေးသူငယ်များ၏ ဆန္ဒသဘောထားများကို နားထောင်၍ ၎င်းတို့၏ ပါဝင်ဆောင်ရွက်ခွင့်ကို သက်ဆိုင်သူများက အသိအမှတ်ပြုကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများ ရရှိခံစားစေရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကမ္ဘာ့ကလေးများနေ့တွင် အလေးအနက် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

Download ရယူရန်

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023