နောက်ဆုံးရသတင်းများ

Cover Club ဆိုင်၌ ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းအား DJ တီးခတ်၍ သရုပ်ပျက်မူးယစ်ကခုန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁ နာရီမှ ၂ နာရီအချိန်ထိ DJ Violet (ခ) ခင်ထွေးထွေးမွန်(၂၄)နှစ်နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို (ခ)မင်းထိုက်နှင့် Dice (ခ)ဉာဏ်လင်းထက်တို့ ဦးဆောင်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းအား အရက်သေစာသောက်စားမူးယစ်၍ သရုပ်ပျက်အဝတ်အစားများဝတ်ဆင်ကာ DJ တီးခတ်ကခုန်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်နိုင်ရေး ရှာဖွေဖမ်းဆီးခဲ့ရာ DJ တီးခတ်သူ DJ Violet (ခ) ခင်ထွေးထွေးမွန်(၂၄)နှစ်နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်(၂၈)နှစ်တို့ကို စက်တင်ဘာ ၁၁ ရက် ည ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်နေအိမ်၌လည်းကောင်း၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင်(၄၉)နှစ်၊ ဆိုင်မန်နေဂျာ ဇင်စုရ(၃၁)နှစ်တို့ကို ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများနှင့် စေတီပုထိုးများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိပြည်သူ့ဆေးရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးကျော်ထက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 13, 2025
image_latest


ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023