နောက်ဆုံးရသတင်းများ

မြေငလျင်သတင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 10, 2025

မြေငလျင်သတင်း

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃ (က) အရ ပြစ်ဒဏ်ချမှတ်မှု သတင်းထုတ်ပြန်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 09, 2025

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သူတစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် တောင်ကြီးမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 09, 2025

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ နေပြည်တော်၊ အလုပ်လျှောက်လွှာခေါ်ယူခြင်း


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / September 08, 2025


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဦးစီးဌာန

နေပြည်တော်

အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်(ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး၊ မြို့နယ်ရုံး၊ သင်တန်းကျောင်း)နှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)တို့တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ်

ရာထူး/လစာနှုန်း

နေရာ

ပညာအရည်အချင်း

(က)

အငယ်တန်းစာရေး (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ)

၂၁၀

တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ

(ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူ)

(ခ )

ယာဉ်မောင်း(၅)/

ယာဉ်မောင်းစက်ပြင်(၅)

(၁၆၂၀၀ဝိ-၂၀၀ဝိ-၁၇၂၀၀ဝိ)

အခြေခံပညာမူလတန်းအဆင့်ရှိသူ

(ယာဉ်မောင်း"ခ"လိုင်စင်ရှိပြီး ယာဉ်ကိုကျွမ်းကျင်စွာမောင်းနှင်နိုင်သူ)

(ဂ )

ရုံးအကူ

(၁၄၄၀၀ဝိ-၂၀၀ဝိ-၁၅၄၀၀ဝိ)

၇၇

သမဝါယမဦးစီးဌာနနှင့် ကောလိပ် အတွက်လျှောက်ထားသူများမှာ အခြေခံ ပညာအထက်တန်းအောင်နှင့်အထက်၊

သင်တန်းကျောင်းများအတွက်လျှောက်ထားသူများမှာ အခြေခံပညာအလယ်တန်း အောင်မြင်သူ

(ဃ)

အစောင့်

(၁၄၄၀၀ဝိ-၂၀၀ဝိ-၁၅၄၀၀ဝိ)

၁၄

အခြေခံပညာမူလတန်းအဆင့်ရှိသူ

၂။            လျှောက်ထားသူသည် -

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ )    (၁၇-၁၀-၂၀၂၅)ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဂ )    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(ဃ)    ခန့်အပ်ခြင်းခံရပါက ဌာနတွင် အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးနိုင်ရမည်။

(င )    ဒေသခံများအား ဦးစားပေးစဉ်းစားမည်။ ဝေးလံသောဒေသများနှင့် သမဝါယမဦးစီး ဌာနနှင့်ကောလိပ်များမှ လက်ရှိနေ့စားဝန်ထမ်းများဖြစ်ပါက အသက်ကန့်သတ်ချက် အား လျှော့ပေါ့စဉ်းစားပေးမည်။

(စ )    အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့်လျှောက်ထားရမည်။

(ဆ)    အငယ်တန်းစာရေးရာထူးအတွက် လျှောက်ထားလာသူများတွင် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဖူးသူများအနေဖြင့် ဝန်ထမ်းစည်းကမ်း ဆိုင်ရာပြစ်ဒဏ်တစ်မျိုးမျိုးကျခံခဲ့ဖူးသူဖြစ်ပါက ပြစ်ဒဏ်အမျိုးအစားကို လျှောက်လွှာ တွင် ထည့်သွင်းဖော်ပြလျှောက်ထားရမည်။

၃။              လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ(မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ် ရေးထိုး၍)ပူးတွဲတင်ပြရမည် -

(က)    ကိုယ်ရေးလျှောက်လွှာ    

(ခ )     ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်                                               

(ဂ )    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ                                       

(ဃ)    အငယ်တန်းစာရေးရာထူးအတွက် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊ ရုံးအကူရာထူးအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ယာဉ်မောင်း-၅/ ယာဉ်မောင်းစက်ပြင်-၅ ရာထူးအတွက် သက်ဆိုင်ရာအခြေခံပညာအထက်တန်း ကျောင်း၏ ထောက်ခံချက်လက်မှတ်မိတ္တူနှင့်ယာဉ်မောင်းလိုင်စင်မိတ္တူ၊ အစောင့် ရာထူးအတွက် သက်ဆိုင်ရာအခြေခံပညာအထက်တန်းကျောင်း၏ ထောက်ခံချက် လက်မှတ်မိတ္တူ

(င )    (၂)လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံ(၂)ပုံ(ဓါတ်ပုံကျောဘက်တွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးအမှတ်ရေးသားရန်)

(စ )    ပြစ်မှုကင်းရှင်းကြောင်းသက်ဆိုင်ရာရဲစခန်း၏ထောက်ခံချက်

(ဆ)    ပါတီနိုင်ငံရေးကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်

(ဇ )    အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ(သက်တမ်းတိုးပြီး)

(ဈ )    ကျန်းမာကြောင်းဆေးထောက်ခံစာ [လွန်ခဲ့သော (၁)ပတ်အတွင်း]

(ည)    တာဝန်ကျရာ မည်သည့်ဒေသတွင်မဆို သွားရောက်တာဝန်ထမ်းဆောင်ပါမည်ဟု ကတိပြုဝန်ခံချက်     

၄။              လျှောက်လွှာများကို သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမ ဦးစီးဌာနရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊မန္တလေး)သို့(၁၀-၁၀-၂၀၂၅)ရက်နေ့နောက်ဆုံး ထား၍ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက်ထက်ကျော်လွန်သော၊ စာရွက်စာတမ်းမပြည့်စုံသော လျှောက်လွှာများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၅။            နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာန အကြီးအကဲထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် သမဝါယမဦးစီးဌာန(ရုံးချုပ်) သို့(၁၇-၁၀-၂၀၂၅)ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။ [ ကြိုတင်လျှောက်လွှာ ()စောင်ကို ရေးဖြေ ဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။ ]

၆။            အငယ်တန်းစာရေးရာထူးအတွက် လျှောက်ထားသူများမှ အရည်အချင်းပြည့်မီသူများ အား ရေးဖြေ(မြန်မာစာ၊ အင်္ဂလိပ်စာနှင့်အထွေထွေဗဟုသုတဘာသာရပ်)နှင့် လူတွေ့စစ်ဆေးခြင်းကို သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာန ရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)တွင်ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုလိုသည့်နေရာအား လျှောက်လွှာတွင် ထင်ရှားစွာရေးသားဖော်ပြရန်နှင့် ဖြေဆိုရမည့်နေ့ရက်အား ကြိုတင်အကြောင်းကြား သွားမည်ဖြစ်ပါသည်။ ရေးဖြေအောင်မြင်သူများကို လူတွေ့စစ်ဆေးခြင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၇။           ရုံးအကူ/အစောင့်ရာထူးအတွက် လူတွေ့စစ်ဆေးခြင်းကိုလည်းကောင်း၊ ယာဉ်မောင်း-၅/ ယာဉ်မောင်းစက်ပြင်-၅ ရာထူးအတွက် ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ကိုလည်းကောင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဖြေဆိုရမည့်နေ့ရက်အား ကြိုတင်အကြောင်းကြား သွားမည်ဖြစ်ပါသည်။                                              

၈။           လျှောက်လွှာတွင်ဖော်ပြချက်များနှင့် အထောက်အထားစာရွက်စာတမ်းများသည် မှန်ကန်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရာထူးခန့်အပ်ပြီးစေကာမူ ထုတ်ပယ်ခြင်းခံရမည်။

၉။              အသေးစိတ်သိရှိလိုပါက သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ရုံးအမှတ်(၁၆)၊ နေပြည်တော် (တယ်လီဖုန်း အမှတ်-၀၆၇-၃၄၁၀၃၃၆)နှင့်လျှောက်လွှာတင်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီး ဌာနရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

သမဝါယမဦးစီးဌာန(ရုံးချုပ်)

 

 

 

 

 

 

 

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023