နောက်ဆုံးရသတင်းများ

မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on January 12, 2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ECCD ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းသူ/ သားများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

မကွေးတိုင်းဒေသကြီးတွင် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီအစည်းအဝေးကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on January 14, 2026

မကွေးတိုင်းဒေသကြီးတွင် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ အစည်းအဝေးအား

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on January 15, 2026

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းဥပဒေ အသိပညာပေးသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်တွင် ဖွင့်လှစ်ခဲ့ရာ

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / January 23, 2026


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဦးစီးဌာန

နေပြည်တော်

အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။            သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်(ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး၊ မြို့နယ်ရုံး၊ သင်တန်းကျောင်း)တွင်  လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည်-

စဉ်

ရာထူး/လစာနှုန်း

နေရာ

ပညာအရည်အချင်း

(က)

အငယ်တန်းစာရေး

(၁၈၀၀၀ဝိ-၂၀၀၀-၁၉၀၀၀ဝိ)

(၉၆)

တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ

(ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူ)

( ခ)

ယာဉ်မောင်း(၅)

(၁၆၂၀၀ဝိ-၂၀၀၀-၁၇၂၀၀ဝိ)

(၄)

အခြေခံပညာမူလတန်းအဆင့်ရှိသူ

(ယာဉ်မောင်း"ခ"လိုင်စင်ရှိပြီး ယာဉ်ကိုကျွမ်းကျင်စွာမောင်းနှင်နိုင်သူ)

( ဂ)

ရုံးအကူ

(၁၄၄၀၀ဝိ-၂၀၀၀-၁၅၄၀၀ဝိ)

(၁၂)

သမဝါယမဦးစီးဌာနအတွက်လျှောက်ထား သူများမှာ အခြေခံပညာအထက်တန်း အောင်နှင့်အထက်ရှိသူ၊ သင်တန်းကျောင်း အတွက်လျှောက်ထားသူများမှာ အခြေခံပညာ အလယ်တန်းအောင်မြင်သူ

(ဃ)

အစောင့်

(၁၄၄၀၀ဝိ-၂၀၀၀-၁၅၄၀၀ဝိ)

(၅)

အခြေခံပညာမူလတန်းအဆင့်ရှိသူ

၂။            လျှောက်ထားသူသည် -

               (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

               ( ခ)  (၃၁-၁-၂၀၂၆)ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက် (၄၀)နှစ်ထက်မကျော် လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၄၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

               ( ဂ)  ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

               (ဃ) ခန့်အပ်ခြင်းခံရပါက ဌာနတွင် အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးနိုင်ရမည်။

               ( င)  ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါက ဌာန၏နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာ မိတ္တူတင်ပြရမည်ဖြစ်ပြီး အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal)ခံရသူများအနေဖြင့် လျှောက်ထားခွင့်မရှိပါ။

               ( စ)  တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းနှင့်နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများ အနေဖြင့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်တစ်မျိုးမျိုးကျခံခဲ့ဖူးသူဖြစ်ပါက ပြစ်ဒဏ် အမျိုးအစားကို လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရမည်။

၃။          လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုး၍) ပူးတွဲတင်ပြရမည် -

               (က) ကိုယ်ရေးလျှောက်လွှာ

               ( ခ)  ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်

               ( ဂ)  နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

               (ဃ) အငယ်တန်းစာရေးရာထူးအတွက် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊ ရုံးအကူရာထူးအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ယာဉ်မောင်း-၅ ရာထူးအတွက် သက်ဆိုင်ရာ အခြေခံပညာ

အထက်တန်းကျောင်း၏ ထောက်ခံချက် လက်မှတ်မိတ္တူနှင့် ယာဉ်မောင်းလိုင်စင်မိတ္တူ၊ အစောင့်ရာထူးအတွက် သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်း၏ ထောက်ခံချက်လက်မှတ်မိတ္တူ

               ( င)  (၂)လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံ(၂)ပုံ (ဓါတ်ပုံကျောဘက် တွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)

               ( စ)  ပြစ်မှုကင်းရှင်းကြောင်း  သက်ဆိုင်ရာရဲစခန်း၏ထောက်ခံချက်   

               (ဆ) ပါတီနိုင်ငံရေးကင်းရှင်းကြောင်းနှင့်အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ကိုယ်တိုင်ကတိဝန်ခံချက်၊

               ( ဇ)  အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (သက်တမ်းတိုးပြီး)

               (ဈ)  ကျန်းမာကြောင်းဆေးထောက်ခံစာ [လွန်ခဲ့သော (၁)ပတ်အတွင်း]

               (ည) တာဝန်ကျရာ မည်သည့်ဒေသတွင်မဆို သွားရောက်တာဝန်ထမ်းဆောင်ပါမည်နှင့် ခန့်အပ်ခြင်းခံရပါက ဌာနတွင် အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိ                                     

၄။          လျှောက်လွှာကို သမဝါယမဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီး ဌာနရုံးများသို့ (၁၁-၂-၂၀၂၆)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက် ထက်ကျော်လွန်သော၊ စာရွက်စာတမ်းမပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၅။          နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာန အကြီးအကဲထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် သမဝါယမဦးစီးဌာန(ရုံးချုပ်)သို့ (၁၁-၂-၂၀၂၆)ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။ [ ကြိုတင်လျှောက်လွှာ() စောင်ကို ရေးဖြေဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။ ]

၆။            အငယ်တန်းစာရေးရာထူးအတွက် ရေးဖြေစာမေးပွဲကို ၎င်းတို့လျှောက်လွှာပေးပို့ခဲ့သည့် သမဝါယမဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနရုံးများတွင် ဖြေဆိုရမည် ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားကို (၁၉-၂-၂၀၂၆)ရက်နေ့မှ (၂၀-၂-၂၀၂၆)ရက်နေ့ထိ ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲကို (၂၃-၂-၂၀၂၆)ရက်နေ့တွင် (၀၉:၀၀)နာရီမှ (၁၁:၀၀) နာရီထိ မြန်မာစာနှင့် (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီထိ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊  (၂၄-၂-၂၀၂၆)ရက်နေ့တွင် (၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီထိ သုတရေးရာဘာသာရပ်ကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပါသည်။

၇။           ရုံးအကူ/အစောင့်ရာထူးအတွက် လူတွေ့စစ်ဆေးခြင်းကို (၂၆-၂-၂၀၂၆)ရက်နေ့တွင် လည်းကောင်း၊ ယာဉ်မောင်း-၅ ရာထူးအတွက် ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့ စစ်ဆေးခြင်းကို (၂၇-၂-၂၀၂၆)ရက်နေ့တွင်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၈။           လျှောက်လွှာတွင် ဖော်ပြချက်များနှင့်အထောက်အထားစာရွက်စာတမ်းများသည် မှန်ကန်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရာထူးခန့်အပ်ပြီးစေကာမူ ထုတ်ပယ်ခြင်းခံရမည်။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားလာရောက်ထုတ်ယူချိန်နှင့်ကျန်ရာထူးများအတွက် လက်တွေ့နှင့်လူတွေ့စစ်ဆေးခြင်း ဖြေဆိုရန် သတင်းပေးပို့ချိန်တွင် လျှောက်လွှာနှင့် ပူးတွဲတင်ပြခဲ့သည့် အထောက်အထားမူရင်းများ ကို တစ်ပါတည်းယူဆောင်လာရမည်။

၉။            အသေးစိတ်သိရှိလိုပါက သမဝါယမဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၁၆)၊ နေပြည်တော် (တယ်လီဖုန်းအမှတ်-၀၆၇-၃၄၁၀၃၃၆)၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာန ရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 သမဝါယမဦးစီးဌာန(ရုံးချုပ်)

 

 

                                                                       

 

 

 

 

 

 

 

Download ရယူရန်

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023