နောက်ဆုံးရသတင်းများ

နေ့စဉ်မိုးလေဝသသတင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on December 13, 2025

နေ့စဉ်မိုးလေဝသသတင်း

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် ကနူးလှေလှော် အားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ်ငါးခု ထပ်မံဆွတ်ခူးရရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 13, 2025

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချွန်ဘူရီနှင့် ချင်းမိုင်မြို့များတွင်ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်၊ ဘော်လီဘော၊ သေနတ်ပစ်၊ ဘိလိယက်နှင့် စနူကာ၊ ဂျူဒို၊ ရေကူး၊ ခရစ်ကတ်၊ ဂျူဂျစ်ဆု၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ ပီတန်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ကဘာဒီ၊ စကိတ်၊ ဂေါက်သီးရိုက်၊ ကနူး ကယက်၊ ရွက်လှေ၊ တက်ဂ်ဘော၊ ဟော်ကီပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

KNU နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ရေဖြူမြို့အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံပြည်သူများပိုင်ဆိုင်သည့် အဆောက်အအုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 13, 2025

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့အနောက်ခြမ်းရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် နေအိမ်အဆောက် အအုံများအား ယနေ့တွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီးမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / June 04, 2025


၁။           အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။            ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များမှာအောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

              (က)    ပြိုင်ပွဲဝင်များသည် ၁၀ နှစ် မှ ၁၅ နှစ်၊ ၁၆ နှစ် မှ၂၀ နှစ်၊ ၂၁ နှစ် မှ ၂၅ နှစ် ဟူ၍ အသက်အရွယ် အပိုင်းအခြား (၃) ခု ခွဲခြား၍ (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်) လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

              ( ခ ) ပိုစတာနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Hard Copy၊ Soft Copy (၂)စုံ ပြုစု၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ တစ်ဆင့်ဖြစ်စေ၊ myatthujack@gmail.com သို့ e-mail ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website: www.moculture.gov.mm နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဦးမြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အနုပညာဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝ၉-၅၁၆၁၁၂၇ နှင့် ဦးလင်းဝေအောင်၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၃၁၈၅၁၂၇ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

                        (၁)   Format                JPG A3 (297 x 420 mm) with the correct aspect ratio ၊

                        (၂)   Resolution           300 dpi ၊

                        (၃)   File Size              15 Mb ထက်မပိုစေရ။ ၁၀ file ထက် မပိုရပါ၊

                        (၄)   ပိုစတာရေးဆွဲရာတွင် tablet များ၊ stylus များ၊ ကွန်ပျူတာပရိုဂရမ်များ အသုံးပြု၍ ဂရပ်ဖစ်နည်းပညာဖြင့် ဖန်တီးရမည်။

               (ဂ)     ပန်းချီနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ပန်းချီ(မူရင်း) နှင့်အတူ Hard Copy (၂)စုံနှင့်  Soft Copy CD (၁)ချပ် ပြုစု၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင် ပါသည်။ အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website: www.moculture.gov.mm နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါက်တာလဲ့လဲ့အောင်၊ ညွှန်ကြားရေးမှူး၊ အနုပညာဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝ၉-၅၁၉၄၁၁၂ နှင့် ဒေါ်နန်းရတနာထွန်း၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၅၁၂၃၅၂၁၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

                        (၁)   File Submission Format    JPG ၊ A3 (297x420 mm) with correct aspect ratio ၊

                        (၂)   Resolution                       300 dpi ၊

                        (၃)   File Size                          15 Mb ထက်မပိုစေရ၊ ၁၀ file ထက် မပိုရပါ။

                        (၄)   ပန်းချီရေးဆွဲရာတွင် Pencil ၊ Felt-tip Pen ၊ Crayons ၊ Paints ၊ Sketch Markers ၊ Sepia ၊ Sanguine ၊ Charcoal ၊ Ink ၊ Capillary Pen စသည့် ကိရိယာများအသုံးပြု၍ ရေးဆွဲနိုင်သည်။ အီလက်ထရောနစ်ပစ္စည်းများ အသုံးပြု၍ ရေးဆွဲခြင်း မပြုရ။         

               (ဃ)    ဗီဒီယိုနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Soft Copy (CD) ၂ ချပ် ပြုစု၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၇၊ နေပြည်တော်သို့ ၃၁-၈-၂၀၂၅ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့် ဖြစ်စေ၊ ms.khinmoeou@gmail.com သို့ e-mail ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်နှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို ပြန်ကြားရေးဝန်ကြီး ဌာန၏ www.mrtv.gov.mm နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ Website: www.accm.gov.mm တို့တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါ်ခင်မိုးဉ၊ ညွှန်ကြာရေးမှူး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝ၉-၅၁၉၆၈၅၀ နှင့် ဒေါ်ဇာဇာမိုး၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဝ၉-၄၀ဝ၄၀၅၆၇၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

                        (၁)   Format                mp 4 ၊

                        (၂)   Resolution           3840 x 2160 p ထက်မပိုစေရ၊

                        (၃)   File Size               300 Mb ထက်မပိုစေရ၊

                        (၄)   Duration              120 Seconds ထက်မပိုစေရ၊

                        (၅)   Sound                 16-bit, stereo ၊ ၁၀ ဖိုင်ထက် မပိုရပါ။

၃။           ပြိုင်ပွဲဝင်လက်ရာများတွင် ပြိုင်ပွဲဝင်လက်ရာ၏ခေါင်းစဉ်၊ ရှင်းလင်းချက်စာသား (ပိုစတာ များနှင့် ပန်းချီများအတွက်) သို့မဟုတ် တည်းဖြတ်ထားသော စာတန်းထိုးများ (ဗီဒီယိုများ အတွက်)ကို ရုရှားဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြရန်နှင့် ပြိုင်ပွဲဝင်လက်ရာ ဖန်တီးသူ၏ Last name၊  First Name ၊ အသက် (ဖန်တီးမှုအဖွဲ့လိုက်ဖြစ်ပါက တစ်ဦးချင်း၏ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ ပါအချက်အလက်များ)နှင့် နိုင်ငံစသည့် အချက်အလက်များ ပါဝင်ရမည်။

၄။           ပြိုင်ပွဲဝင် ပိုစတာ၊ ပန်းချီနှင့် ဗီဒီယို တို့အနက်မှ ပထမဆု ရရှိသည့် ပိုစတာ၊ ပန်းချီ နှင့် ဗီဒီယိုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပေးပို့ယှဉ်ပြိုင် စေမည် ဖြစ်ပြီး ပထမဆု အပါအဝင် အကောင်းဆုံး ပိုစတာ၊ ပန်းချီ နှင့် ဗီဒီယို (၁၀) ခုစီကို အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှုဆောင်ရွက်ချက်များအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံး၏ Website သို့ ပေးပို့သွားမည်ဖြစ်ပါသည်။

၅။           ပြိုင်ပွဲဝင်များသည် အောက်ပါ အချက်များကို လိုက်နာရမည်-

              (က) တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်ဆန့်ကျင်သော စာသားများ၊ ဇာတ်ကွက်များ၊ သရုပ်ဖော်မှုများ၊ အသုံးအနှုန်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ ထည့်သွင်းခြင်းမပြုရ၊

              (ခ)    မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်၊

              (ဂ)    ပြိုင်ပွဲဝင် ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်မှုများအတွက် အသုံးပြုခြင်းကို ခွင့်ပြုပေးရမည်၊

              (ဃ)  ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါအချက်များကို မှန်ကန်စွာ ဖြည့်စွက်ပေးပို့ရမည်၊

              (င)    ပြိုင်ပွဲဝင်ပိုစတာ၊ ပန်းချီနှင့် ဗီဒီယို တို့ကို Artificial Intelligence (AI) နည်းပညာ အသုံးပြု၍ ယှဉ်ပြိုင်ခြင်းမပြုရ။

 

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

 

Download ရယူရန်

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023