နောက်ဆုံးရသတင်းများ

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 08, 2025

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေး ပြည်သူလူထု ပူးပေါင်းဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 08, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” ဟူသည့် နိုင်ငံရေးဦးတည်ချက်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ပြည်သူတို့၏လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် ဖော်ဆောင်နိုင်ပြီး ပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်မည်ဖြစ်သည်။

စားသုံးသူများ၏အခွင့်အရေး နစ်နာမှုများကိုကုစားပေးမည့် အကာအကွယ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 08, 2025

နိစ္စဓူဝ လူတို့၏ နေ့စဉ်ဘဝမှာ စားသောက်ကုန်၊ လူသုံးကုန် စသည့် ကုန်စည်များ၊ ဝန်ဆောင်မှုများ စသည်တို့ကို ကျသင့်ငွေပေးချေဝယ်ယူကာ စားသုံးကြရသည်။ သို့ဖြစ်ရာ လူတိုင်းသည် စားသုံးသူများ ဖြစ်ကြသည်။ ဥပဒေစကားဖြင့်ဆိုရလျှင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်ရေးအတွက်မဟုတ်ဘဲ စားသောက်ခြင်း သို့မဟုတ် သုံးစွဲခြင်းပြုသူကို ဆိုသည်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

အများပြည်သူသို့ အသိပေးကြေညာချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 06, 2025
image


၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

၂။ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့်မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ်(Public Feedback Programme– PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

၃။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့်အခြေအနေများနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့မေးမြန်းလိုက်သောမေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023